" ဒါနဲ့ Jimin...မင်းနဲ့ ဘပ်စကတ်ဘောအသင်းကဘဲကြီးအ​ခြေ​အနေက ဘယ်လိုလဲ "

စကားတွေက Jungkookဘက်ကနေပြီးတော့ Jiminဘက်ကိုပြောင်းကုန်တယ်...။Jungkookကတော့ ဘာစကားမှဝင်မပြောပဲ ခုံပေါ်ခေါင်းမှောက်လို့နားထောင်နေတယ်...။

" အခြေအနေကတော့ သူချေငါချေပဲ..ငါသွားရင်သူဂရုမစိုက်ဘူး သူဂရုမစိုက်ရင်ငါလဲ စောက်ဖက်မလုပ်တော့ဘူး "

" မင်းဟာကလဲ "

" အဲ့အစား cheerleaderကအမချောချောလေးတစ်ယောက်ကို ငါထိုင်ကြည့်နေလိုက်တာပေါ့ကွာ.."

Cheerleaderကချောချောလေးဆိုတဲ့စကားကြောင့်Jungkookရဲ့ အာရုံကနည်းနည်းတော့စိတ်ဝင်စားလာပြီ...။ဒီကျောင်းကလူတွေအကြောင်းဆိုစာတောင်ဖွဲ့မနေမယ့် ဒီနှစ်ယောက်ပြောနေတဲ့အကြောင်းက Lee Hanaဆိုတဲ့တစ်ယောက်အကြောင်းဆိုတာ မလွဲနိုင်ပေ...။

" Taehyungရေ...အဲ့မမက ရှယ်ချောတာသိလား ဒါပေမယ့်ကွာ နည်းနည်းတော့ချေတယ်..သူက Hoseok hyungနဲ့ပဲ အပေါင်းသင်းလုပ်တာကွာ ကျန်တဲ့လူတွေဆို ဝေးး- "

ပြောချင်တာပြောပြီးမှသွားလေးစိပြီး ပါးစပ်ပိတ်သွားရတဲ့Jimin...။မျက်လုံးကလဲ Jungkookကိုမသိမသာ အကဲခတ်ရသေးတယ်...။ခေါင်းမှောက်အိပ်နေတဲ့ Jungkookက ကုန်းရုန်းထပြီးသီချင်းတစ်ပုဒ်ကို အကျယ်ကြီးအော်ဆိုပစ်တယ်...။

" လက္ခဏာဆရာကပြောတယ်အမေရယ်~~~နှလုံးလမ်းကြောင်းမှာ Lee Hanaခံနေတယ်~~~~ "
_______________________

အခြေအနေတွေက နည်းနည်းတော့ကွာခြားနေတယ်...။ခါတိုင်းHoseokဘေးနားမှာ Jeon Jungkookဆိုတဲ့ကောင်လေးကိုတွေ့ရမှာဖြစ်ပြီး နှစ်ယောက်သား တစ်ကမ္ဘာတည်လို့ Jeon Jungkookရဲ့ပလူးပလဲအမူရာနဲ့ချစ်ရည်လူးမှုတွေကိုမြင်ရမှာဖြစ်တယ်...။

အခုအခြေအနေတွေက Lee Hanaဆိုတဲ့မမ လှလှလေးက Jung Hoseokရဲ့လက်ကိုတွဲချိတ်လို့ ရယ်မောကာစကားပြောနေကြပြီး Jungkookဆိုတဲ့ကောင်လေးကတော့ မလှမ်းမကမ်းမှာရှိတဲ့ လေ့ကျင့်ကွင်းထဲကနေ ရင်နာနာနဲ့ငေးနေတာ မြင်ရလိမ့်မယ်...။
______________________
အမြဲမပျက် Jungkookက အရသာအစုံရှိတဲ့ နို့ဘူးထဲကတစ်ဘူးကိုယူလို့ Hoseok hyungကိုသွားပေးနေကျ...။ဒါကြောင့် ဒီနေ့လည်းပဲ chocolate milkလေးကိုယူလို့ အထက်တန်း နောက်ဆုံးနှစ်အဆောင်ဘက်ကိုသွားနေပြန်တယ်...။

YOUTH (Complete✅)Where stories live. Discover now