" ဟုတ်ကဲ့ ကျွန်တော်တို့ ပြောလိုက်ပါ့မယ် သခင်လေး "

Security ဦးလေးကြီး နှစ်ယောက် သူ့အနားက ပြန်ထွက်သွားကာမှ Leo ချောင်နားကဝိုင်းတစ်ဝိုင်းမှာ ဝင်ထိုင်လိုက်သည်။

ထိုင်ခုံမှာထိုင်လိုက်သည့်တိုင် အားလုံးရဲ့ အကြည့်တွေကသူ့ဆီမှာ ။

" ဘာကြည့်နေတာလဲ ကိုယ့်အလုပ်ကိုယ်လုပ်ကြ "

သူ အော်လိုက်မှ Club က  ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ DJ သမားလည်း DJ ပွတ်ပြီး ရပ်နေကြတဲ့သူတွေလည်း ပြန်က ခုန်နေကြတယ်။

" Honey တို့ ဒီမှာ ထိုင်မယ် နော် "

ရင်သားနှစ်မွှာပေါ်တော့မည်အထိ အင်္ကျီ အကြပ်အနီအပြောင်သားနဲ့ တိုကပ်နေသည့်စကတ်အတိုကိုဝတ်ထားကာသူ့ဘေးမှာလာထိုင်သောမိန်းကလေးတစ်ယောက်။

ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ရေမွှေးအနံ့စူးစူးကိုရသည်မို့ Leo စိတ်ပျက်သလို အကြည့်နဲ့ကြည့်ပေးလိုက်သည်။

အမွှေးအနံ့ပြင်းတာတွေနဲ့ Leo က Allergic ရှိတာမို့ ခေါင်းတောင် ကိုက်လာတယ်။

" တစ်ယောက်ထဲလား Honey "

လက်မောင်းရင်းကို ကိုင်ကာ ပွတ်သီးပွတ်သပ်ပြောလာတာမို့ Leo ဇက်ခနဲ ဖယ်ချပစ်လိုက်သည်။

" မင်းသာ မျက်လုံး မကန်းသေးဘူးဆိုရင် ဒီမှာငါတစ်ယောက် ထဲ ထိုင်နေတာ တွေ့လိမ့်မယ် "

Vodka ပုလင်းကို မော့လိုက်တာကြောင့် လှုပ်ရှားသွားတဲ့ Adam's apple က ယစ်မူးချင်စရာ။

" Honey အဲ့လိုပြောနေတာလေးကိုပဲ သဘောကြတာ "

" ငါကတော့ မင်းကို လုံးဝသဘောမကြတာမို့ ဒီဝိုင်းက ထွက်သွားပေးလို့ရမလား "

" ဒီည တို့ပြုစုပေးမယ်လေ Honey ဘယ်လိုလဲ "

" အရမ်းအားနေရင် ဟိုမှာ ထိုင်နေတဲ့ မင်းအကောင်တွေဆီသွားလိုက် မြန်မြန်ထွက်သွားစမ်းပါ မင်းဆွတ်ထားတဲ့ ရေမွှေးအနံ့က ပျင်းလွန်းလို့ ငါ ခေါင်းတွေမူးလာပြီ "

Leo ပြောလိုက်တဲ့ စကားကြောင့် ရှေ့ကမိန်းကလေး မျက်နှာပျက်သွားကာ ထရပ်လာသည်။

Baby of the billionaireWhere stories live. Discover now