သူ့အတွက် ဝမ်ယောလ် ရည်ရွယ်ပြီး ဆွဲပေးထားသော အပြာရောင်မျက်လုံးနဲ့ ဘတ်ဟျွန်း ရဲ့ ပန်းချီလိပ်ကိုဖြည်ကြည့်လိုက်သည်။

ကြင်ယာတော်နန်းဆောင်ထဲက ပန်းချီစာလိပ်တွင်သုံးထားသော ဆေးတွေလောက် အရောင်ထွက်အားမကောင်းပေမဲ့ ဘတ်ဟျွန်း အတွက်တော့ အဖိုးမဖြတ်နိုင်ပေ။ ဆေးပုလင်းလေးက ဘတ်ဟျွန်း လက်က လက်စွပ်ကိုယူလိုက်ပြီးနောက် ဒဏ်ရာရသွားသော ဘတ်ဟျွန်း လူးရန် ဝမ်ယောလ် ပေးခဲ့သော ဆေးပုလင်းလေးဖြစ်သည်။ ပြန်တွေးကြည့်ရင် ဘတ်ဟျွန်း အနေနဲ့ ဝမ်ယောလ် ဆီက ရခဲ့ဖူးတာက ထိုပစ္စည်းတွေသာရှိနေသည်။

ဝမ်ယောလ် က ဘတ်အွန်း အတွက်ပဲ အားလုံးကို လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ဒီနေရာမှာရှိခဲ့တဲ့ အိမ်တော်အပါအဝင် ဂရုစိုက် ချစ်ခင်မှု
အားလုံးကိုပေါ့။

ဘတ်ဟျွန်း မျက်လုံးမှိတ်လိုက်ပြီး အရင်တုန်းက အတူရှိခဲ့ဖူးသောအချိန်တွေကို ပြန်ပြီးပုံဖေါ်နေသည်။ ပြန်တွေးနေရင်း ဘတ်ဟျွန်း မျက်ရည်တွေစီးကျလာခဲ့သည်။

အရာအားလုံးက နောက်နှစ်ရက်နေရင် ပြီးဆုံးတော့မည်။ ဝမ်ယောလ် က ဘတ်အွန်း ကိုကြင်ယာတော်မြှောက်ပြီး ပျော်ရွှင်နေလိမ့်မည်။ သူကတော့ အများမပြောနဲ့ ဝမ်ယောလ် ကိုယ်တိုင်တောင် အသိအမှတ်မပြုသော ကြင်ယာတော်ငယ်ဆိုသည့်နေရာမှာ တိတ်တဆိတ်နေရင်း ဝမ်ယောလ် ရဲ့ ကလေးကို မွေးဖွားပေးရမည်။ နေတတ်ရင်တော့ ပျော်စရာကြီးနေမှာပါ။

ဝမ်ယောလ် အတွက်ကတော့ ဘတ်ဟျွန်း က အမှတ်တရဆိုးအပြင် ပိုမည်မဟုတ်ပေ။ ဒီအိမ်တော်ကိုဖျောက်ပစ်လိုက်သလိုမျိုး ဘတ်ဟျွန်း ကိုလည်း သူ့မှတ်ဉာဏ်တွေထဲက ဖျောက်ပစ်လိုက်မည်ကတော့ မလွဲဧကန်ပေ။

~~~~~~~~~~~

မင်္ဂလာဆောင်မည့်နေ့ရောက်တော့ ဝူဆော့ က ဘတ်ဟျွန်း ကို လာခေါ်သည်။

'နဂါးဖြူ....နဂါးဖြူ'

'အင်း ဘာကိစ္စရှိလို့လဲ'

ဘတ်ဟျွန်း သစ်ပင်အောက်မှာပဲ ခွေခွေလေးအိပ်ပျော်နေရင်းက ဝူဆော့ အသံကြောင့်နိုးလာပြီး မျက်လုံးလေးပွတ်ကာ အိပ်ချင်မူးတူးနှင့် ပြောနေသည်။ နှစ်ရက်ဆက်တိုက်လောက် အိပ်ထားရတော့ ဘတ်ဟျွန်း ပါးလေးတွေ ဖောင်းတစ်နေသည်။ ပါးနည်းတူ မျက်လုံးလည်းဖောင်းနေသည်။ မျက်လုံးကတော့ ငိုပြီး အိပ်ထားတာကြောင့်ကော၊ အိပ်နေရင်လည်း ငိုနေသောကြောင့် ဖုဖောင်းနေတာဖြစ်သည်။

ForevermoreWhere stories live. Discover now