အပိုင်း ၂၇

Start from the beginning
                                    

" ကိုနေ့သစ်က တစ်ခါတလေမှဆက်တာပါ လူကြီးရာ "

" ဟုတ်လို့လား "

မသင်္ကာသလိုအမေးကြောင့် သေချာစိုက်ကြည်လိုက်လျှင် အနားပိုတိုးကပ်လာ၍ ရင်ခွင်ထဲဆွဲသွင်းပွေ့ပိုက်ဖက်လာ၏။ ဒေါင်းမာန်ရင်ခွင်ထဲရှိ ခေါင်းလုံးလေးပေါ် မေးအသာတင်လိုက်ပြီး

" ဘေဘီကို စိတ်မချတာမဟုတ်ဘူး၊ ဟိုကောင်ကို စိတ်မချတာ "

" ...... "

အတွေးလွန်နေသူအား ပြန်ပြောလည်း လက်ခံပေးမည်မထင်၍ ဘာမှပြန်မပြောဖြစ်။

" အကြည့်တွေကို ကိုယ်သိတယ်လေ "

" လူကြီးထင်လို့ပါ "

ဘေဘီပေါက်အပြောကြောင့် ဒေါင်းမာန်ထပ်မပြောဖြစ်တော့။ ဘေဘီက မမြင်သော်လည်း ဒေါင်းမာန်အဖို့မြွေမြွေချင်း ခြေမြင်ကြသည်မှာ သဘာဝပင်။ ထို့ကြောင့် နေ့သစ်ပိုင်အကြည်တို့ကို ဒေါင်းမာန် ခံစားနားလည်သည်။

" ငါ့နောက်ပဲ လိုက်မနေ့နဲ့လေ "

" ......."

ဇန်ငြိမ်းချမ်းကိုစိတ်အတော်လေနေမိသည်။ လူ ထင်ကျော်တစ်ယောက် စိတ်လွတ်သွားတာများလား။

" မင်းဘယ်လို့ဖြစ်နေတာလဲ၊ ငါလမ်းထိပ် ခဏသွားမလို့လေ၊ မင်းက ဘာလိုက်လုပ်ချင်ပြန်တာ
လဲ "

ကျွန်တော် ကျင့်သားမရနိုင်သေး။ အရင်က လူထင်အား ကောင်မလေးများနှင့်အတူ တွေ့ရသည်ကို မကြိုက်ပါ။ အခုလို့ကျပြန်တော့လည်း အနည်းငယ် စိတ်မရှည်ဖြစ်ရလေ၏။ မမနှင်းဆိုသူနှင့် လမ်းခွဲပြီးနောက်ပိုင်း ကောင်မလေးအ သစ်ထပ်မထားသေးသည့် လူထင်မှာ မမနှင်းဆိုသူအား အခြားရည်းစားများထက် ပိုချစ်ပုံရလေ၏။ ထို့ကြောင့်လည်း အသဲကွဲပြီးနောက် အခုကဲ့သို့ လွတ်ကျွတ်ကျွတ်ဖြစ်သွားပုံ ရ၏။

တီးလုံးသံများ၊ မီးရောင်များ ထိုးဖောက်မဝင်နိုင်အောင်ကာရံဖန်းတီထားသော အခန်းငယ်လေးထဲတွင် ​ ကဗွီးတစ်ယောက်ရှိနေပေသည်။ အရှေ့စား ပွဲထက်မှ ဓာတ်ပုံများကို တစ်ပုံချင်းစီ ယူကြည်နေမိသည်။ ဓာတ်ပုံတစ်ပုံယူကြည်လိုက်ချိန်တိုင်း
ကဗွီးမျက်နှာထက်၌ ဝမ်းနည်းခြင်း၊ အလိုမကျခြင်းမည်သောအပြုံးများ ပိုထင်ပေါ်လာပေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now