"ဟင်လို့...ခွင့်ပြုမယ်မလား"

ကလေးတစ်ယောက်လိုလိုချင်တာကိုမရရအောင်ယူမဲ့ပုံဖြင့်ပြောနေသည့် Taehyung ကို Jungkook ဘယ်လိုလုပ်ငြင်းဆန်နိုင်ပါ့မလဲ...

"ဟင်...အွန်း...Tae...Taehyungie Hyung ဆိုရင်တော့..."

"လက်ခံမယ်မလား...ကိုယ်တစ်ယောက်တည်းကိုပဲလက်ခံရမှာနော် တပြင့်သူတွေကိုလက်မခံရဘူးနော် ဟုတ်ပြီလား ကလေးလေး..."

"Hyung နော်!!ကျွန်တော့်ကိုကလေးလို့မခေါ်နဲ့လို့ အဲ့လိုဆက်ခေါ်နေမယ်ဆိုရင် Hyung နဲ့ date မလုပ်တော့ဘူးနော်"

Taehyung ကိုမျက်စောင်းထိုးကာ Jungkook ပြောသည်..

"အဲ့တာဆိုချစ်သူတွေဖြစ်သွားရင်ဘယ်လိုခေါ်ရပါ့နော်..."

တစ်ယောက်တည်းပြောသလိုပုံစံမျိုးဖြင့်ပြောကာအရှေ့ကိုထွက်သွားသည့် Taehyung ကိုခြေထောက်ဆောင့်ပြီးနှုတ်ခမ်းကိုကိုက်ကာရန်ထောင်ဖို့ Jungkook ပြေးလိုက်သွားပါတော့သည်...

"Taehyungie Hyung!!"
.
.
.
"ချာတိတ်...ပြီးပြီလား"

"ဟုတ် လာပြီ!!"

ဒီနေ့ date လုပ်မှာဖြစ်တဲ့အတွက် Jungkook ရဲ့တိုက်ခန်းထဲရှိဧည့်ခန်းမှာ Taehyung ထိုင်စောင့်နေလေသည်...တကယ်ဆိုသူတို့ချိန်းထားတဲ့အချိန်တောင်မရောက်သေးပါ...Taehyung ကစိတ်တွေမောပြာယာတွေခတ်ပြီးတော့ကြိုရောက်နေခြင်းဖြစ်သည်...ဆယ်မိနစ်လောက်ကြာတော့ Jungkook အခန်းထဲကနေထွက်လာလေသည်...

"ကြာတာ...ချာတိတ်ရာ..."

"ဘာမှလည်းမကြာဘဲနဲ့..."

"ကိုယ်နဲ့လက်ထပ်ပြီးသွားလို့အပြင်တွေဘာတွေသွားမယ်ဆိုတိုင်းဒီလိုကြာနေရင်ဘယ်လိုလုပ်မလဲ..."

"Hyung!!"

Taehyung ရဲ့ Jungkook ရဲ့မျက်နှာရဲတက်လာကာရှက်စိတ်ကြောင့် Taehyung ကိုအော်လိုက်လေသည်...ထိုအခါ Taehyung ကသဘောကျကာ Jungkook ကိုအကြင်နာတွေပျော်ဝင်နေသည့်အကြည့်ဖြင့်ကြည့်ကာအလှပဆုံးပြုံးပြလေသည်...

"စတာ...စတာ..ကိုယ်ကစတာနော် တော်ကြာစိတ်ဆိုးသွားမှမ date တော့ဘူးဆိုရင်ကိုယ်ပဲရင်ကျိုးရမှာ...သွားစို့နော်"

"Hyung..."

Taehyung က Jungkook ရဲ့လက်ကိုလှမ်းကိုင်ဖို့လုပ်လိုက်ပေမယ့် Jungkook ကအနောက်ကိုဆုတ်ကာခေါ်လိုက်တာကြောင့် Taehyung လှည့်ကြည့်လိုက်သည်...

SO,THIS IS LOVEWhere stories live. Discover now