Part49(uni+zawgyi)

Start from the beginning
                                    

ပြောလည်းပြော ရင်ခွင်ထဲတိုးဝင်လာတဲ့ မိန်းကလေးကြောင့် ကြည့်နူးရုံမကဝမ်းသာလွန်းလို့ လက်တွေတောင်တုန်တယ်

"ကိုကိုလည်း နက်လေးကိုသိပ်ချစ်တယ်"

​ခုမှပဲ ချစ်ရသူရဲ့ အချစ်ကိုပြန်ရတဲ့

ခန့်ထယ်ဝါတစ်ယောက်တော့ အရမ်းကိုမှပျော်ရွှင်ကာ တစ်ချိန်လုံးမျှော်လင်နေခဲ့ရတာ

ခုမှပဲ ပျော်စရာအချိန်တွေရောက်လာခဲ့တော့တယ်

"အဟန်း ဟန်း"စနေသွေးရဲ့ ချောင်းဟန့်လိုက်တဲ့ အသံကြားမှ နှစ်ယောက်လုံး လောကကြီးနဲ့ အဆက်အသွယ်ပြန်ရတော့တယ်

"ကဲ ကိုခန့်ထယ်ဝါ ခင်များဗျာ နက်မရောက်လာခင်တုန်းကတော့ ကျွန်တော့်ကို တားလိုက်တာဆိုတာ မြင်ကောင်းဘူး

ခုကျတော့ကျွန်တော့်တောင် မမြင်တော့ဘူးပေါ့ ခင်ဗျားတော်တော်တတ်နိုင်တယ်နော် ဟွန်း"

"ဟီး ကျေးဇူးတင်ပါတယ် စနေသွေးရာ မင်းကူညီလို့ နက်က ကိုယ့်ကိုချစ်မှန်းသိရတာ မဟုတ်ရင် ခုထိ နက်ကချစ်တယ်လို့ပြောမှာမဟုတ်ဘူး"

"ဟင် သွေး နင်ဘာတွေပြောနေတာလဲ ငါဘာမှနားမလည်တော့ဘူး"

နက်ကနားမလည်နိုင်စွာနဲ့မေးတော့
​စနေသွေးတစ်ယောက် ရယ်ကျဲကျဲနဲ ပြန်ဖြေတယ်

ခန့်ကတော့ လူနာကုတင်ပေါ်မှာထိုင်ပြီးနက်ကိုဖက်ထားတာ လုံးဝလွှတ်ပေးဖို့အစီအစဉ်မရှိသလိုပဲ

"ဟီး ဒီလိုဟ ကိုခန့်ထယ်ဝါမနေရတော့ဘူးဆိုတာ ဆေးရုံမှာမနေရတော့ဘူးလို့ပြောတာ သက်သာနေပြီမို့ ဆေးရုံကဆင်းလို့ရပြီတဲ့"

ပုလဲနက် တစ်ယောက် ခုမှအခြေအနေမှန်ကိုသဘောပေါက်သွားတယ်

"အော် ဒါဆို နက်ကို ကိုကိုတို့က ပေါင်းပြီးလိမ်နေကြတာပေါ့လေ"

နက်နုတ်ခမ်းလေးဆူပြီးမေးတော့ ရင်ပူပြီးရောက်ရက်ခက်မိတာ ခန့်ထယ်ဝါပဲပေါ့

ဘယ်လိုပဲဖြစ်ဖြစ် ပုလဲနက်က ချစ်တာသိရတော့

တစ်ခါမှကြည့်မရခဲ့တဲ့ စနေသွေးကိုတောင်မှ မျက်လုံးထဲ ကြည့်လို့အဆင်ပြေလာတယ်

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now