Chapter 68

1.2K 324 10
                                    

<Unicode>

   ချန်ချူ းသေသွားတာကို အကူညီမဲ့စွာနဲ့ ကြည့်ပြီးနောက် ကျူ းယီရှုက ပြင်းပြစွာနဲ့ အော်ဟစ်လိုက်ပြီး တဖက်ကို   ယိမ်းယိုင်လဲကျသွားတော့သည်။  

   စုန့်ချီက ချန်ချူ းရဲ့မျက်လုံးတွေက်ု ပိတ်လိုက်ပြီး မြေပြင်ပေါ်က်ု ညင်ညင်သာသာနဲ့ ချပေးလိုက်သည်။ ထို့နောက်တော့ သူ့ရဲ့အကျီလက်တွေကို ပင့်တင်လိုက်ပြီး သူ့ရဲ့လက်နှစ်ဖက်နဲ့ မြေပြင်ကို စတင်တူးတော့သည်။

  ချန်ချူ းကို မြှပ်နှံပေးနိုင်ဖို့အတွက် သူက ကျင်းတစ်ခုကို တူးချင်နေတာဖြစ်သည်။ နောက်ဆုံးအနေနဲ့တော့ သူလည်း ချန်ချူ းရဲ့ခန္ဓာကိုယ်ကို အခုလို တောထဲမှာပဲ ပစ်မထားပစ်ခဲ့ရက်ပေ။

  ဖန်ကျောင်းကျွင်းက သက်ပြင်းအရှှည်ကြီးတစ်ခုကို ချလိုက်ပြီး
  " မင်းဒီလိုဖြစ်နေမှာစိုးလို့ ငါ မင်းကို သူ့နမည် မပြောပြခဲ့တာ။ ဒါပေမယ့်လည်း နောက်ပိုင်းကျတော့ မင်းသိခဲ့တာပဲလေ.... သူ အသက်ရှင်ပြီး ကောင်းကောင်းနေနေတာပဲမလား"

" ကျွန်တော်သိတယ် "
စုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။
  " ကျွန်တော် ဝမ်းမနည်းပါဘူး။ အစောက သူတို့တွေ ချန်ချူ းကို အန္တရာယ်ပြုနေကြတုန်းက ကျွန်တော်ကသာ သူ့ရှေ့မှာ ရပ်တည်ပေးဖို့ သတ္တိမရှိခဲ့တဲ့သူပါ..... "

     မျက်ရည်တွေက တသွွင်သွင်နဲ့စီးကျလာပြီး သူ့ရဲ့လက်တွေပေါ်ကိုတောင် ကျသွားသည်။သူက နာကျင်မှုကို မခံစားရတဲ့အတိုင်း သူ့ရဲ့လက်တွေနဲ့ပဲ မြေကြီးကို ဆက်တူးနေသည်။ သူ့ပုံစံက အထိန်းအချူျူ ပ်မဲ့ပြီး ရူးသွပ်နေသလိုပင်။
  " သူက ကောင်းတဲ့ကလေးမှန်း ကျွန်တော်သိခဲ့တယ်။ သူက အသက်တစ်ခုကို ကယ်ခဲ့တာကြောင့်နဲ့ ဒီလိုတွေ ဖြစ်လာမယ်မှန်း ကျွန်တော်သိခဲ့တယ်။ အပြင်းအထန်ဒဏ်ရာရနေတဲ့ ကျူ းယီရှုတောင်မှပဲ သူတို့ကို တားဖို့အတွက် အပြေးရောက်လာခဲ့တယ်။ ပြီးတော့ ကျွန်တော်ကတော့ ဘာမှကို မလုပ်ခဲ့ဘူး.... "

   စုန့်ချီက အပြစ်ကျူ းလွန်ထားသလို ခံစားနေရတာကို ဖန်ကျောင်းကျွင်း သိလိုက်သည်။
"  စုန့်ချီ စိတ်လျော့ထား! မင်း ဘာအမှားမှ မလုပ်ခဲ့ဘူး! "

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now