Chapter 48

1.7K 468 20
                                    

Zawgyi

    အစောက ကျန်းလန်တခုခုဖြစ်နေပြီဆိုတာကို သိလိုက်ထဲက လူအိုကြီးက စုန့်ချီကို ပစ်ပြီး ချက်ချင်းပြေးသွားတော့သည်။ စုန့်ချီ သူ့နောက်ကနေ လိုက်ပြေးလိုက်ပေမယ့်လည်း ခြေလှမ်းအနည်းငယ်နဲ့တင် လူအိုကြီးက အမှောင်ထဲ ပျောက်သွား၍ စုန့်ချီလည်း ကျန်နေခဲ့တော့သည်။

   လူအိုကြီးက သူတို့ရဲ့ မိတ်ဆွေဆက်ဆံရေးကိုမှ မထောက် ပစ်ပယ်သွား၍ စုန့်ချီလည်း ပြစ်တင်ရင်းနဲ့ ကျန်နေခဲ့တော့သည်။ 

    တကယ်ပဲ ကျန်းလန်က အခက်တွေ့နေတာလားဆိုတာတော့ သူမသိပေ။ သူ့ပတ်လည်က မှောင်မိုက်မှုကလည်း ဝါးတားတားမြင်ကွင်းတွေအဖြစ်ကို ပြောင်းသွားသည်။

    သူမသိလိုက်ခင်မှာပဲ ပြင်းထန်တဲ့အားတစ်ခုက သူ့ကိုယ်ကို စုပ်ယူသွားတာခံလိုက်ရသည်။ကမ္ဘာကြီးက ဝေဝါးနေပြီး သူ့တစ်ကိုယ်လုံးကလည်း ကျောမှီကုလားထိုင်ပေါ်မှာ ပုံလျက်သား ဖြစ်နေသည်။သူ ကုန်းထလိုက်တော့ ရိုးရာအခန်းတစ်ခုထဲ သူရောက်နေကြောင်း သိသွားသည်။

   ထိုအခန်းကို ကြည့်ရင်းနဲ့ စုန့်ချီ အံ့အားသင့်နေတော့သည်။ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ သူက နှင်းဖြူ ရောင်ဝတ်ရုံကို ဝတ်ထားကြောင်း တွေ့လိုက်ရသည်။ ဒီတခါမှတော့ ကစားရမယ့် မြင်ကွင်းကို ကြိုမြင်ရတာမျိုးမဟုတ်တော့ပေ။

   " ကျန်းလန်! ကျန်းလန် _ "
တံခါးဘက်က အော်သံကြောင့် စုန့်ချီ အာရုံပြန်ဝင်သွားသည်။

သူလည်း အမြန် တုံ့ပြန်လိုက်သည်။
  " ဘာကိစ္စလဲ?"

  " အာ..."
တဖက်က မိန်းမက ပြောသည်။
  " ကျွန်မ အခြားသူတွေဆီက ကြားတယ် ၊ ဒီနေ့မနက်ပဲ ဖန်သခင်လေးက ဝမ်အိမ်ကို တင်တောင်းမယ့်ပစ္စည်းတွေနဲ့ သွားမှာတဲ့ "

စုန့်ချီ သူ့ရင်ထဲက ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရသည်။သူကမျက်မှောင်ကြုတ်လျက် ကိုယ်ကို ကိုင်းလိုက်ရပြီး ထူးဆန်းတဲ့အသံတစ်ခုက သူ့ခေါင်းထဲကနေ တိုက်တွန်းပြောကြားနေသည်။
   'သူ့ကို သွားတွေ့၊ သူ့ကိုသွားတွေ့လိုက်..'

  ဒါက ကျန်းလန်ရဲ့အသံဆိုတာ စုန့်ချီသိသည်။ဒီပုံရိပ်ထဲမှာ သူက ကျန်းလန်နဲ့ ထူးဆန်းတဲ့နည်းဖြငိ့ ဆက်သွယ်နေသည်။ထို့ကြောင့် ကျန်းလန်ရဲ့ ခံစားချက်ကိုလည်း အနည်းနဲ့အများတော့ သူခံစားရသည်။

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now