PART-(13)

2.7K 236 23
                                    

UNI

ဟွန်းက သူပါလာသည့် ကားဖြင့်ပင် ပြန်မည်ဟုဆို​သော​ကြောင့် ​ရှောင်းကျန့် တစ်​ယောက် ထိုကားပေါ်တွင် ထိုင်​စောင့်​နေခြင်းဖြစ်သည်။
ကား​ပေါ် ​ရောက်ပြီးကာမှ ပစ္စည်းတစ်ခု ကျန်​သေးသည်ဟု ဆိုကာ အ​ပေါ်သို့ ပြန်တက်သွားသည့် ဟွန်းက ​​တော်​​တော်နှင့် ပြန်ဆင်းမလာ​သေး။
ဖုန်း ဖွင့်ကြည့်လိုက်​​​တော့ ၉ နာရီနဲ့ ၁၂ မိနစ်။
ညတုန်းက အားမသွင်းလိုက်ရသည့် battery က 35​လောက်ပဲရှိ​တော့သည်။

"ကိုကို ရပြီ သွားရ​အောင်"

ပစ္စည်း သွားယူသည်ဟု ဆိုသည့် ဟွန်းက ဘာပစ္စည်းမှလည်း ​ထွေ​ထွေထူးထူးပါမလာ။

"က​လေး ပစ္စည်း ကျန်ခဲ့တာဆို ဘာမှ ပါမလာဘူးလား"

​ရှောင်းကျန့် ထိုသို့ဆိုမိ​တော့ ဟွန်းက

"အာ အာ့တာက ပစ္စည်းဆိုတာထက် က​လေး toliet ဝင်ချင်လာလို့ ကြာသွားတာ"

ပြန်လည်ရှင်းပြလာသည့် စကား​ကြောင့် ​​ရှောင်းကျန့်လည်း အထွန့်တပ်မ​နေပဲ ကားစထွက် နိုင်ရန်သာ ဦးစား​​ပေးလိုက်သည်။
အခု​တောင် အချိန်​​​တော်​​တော် လင့်​နေပြီ​လေ။

"ကိုကို ​က​လေးတို့ ​စေ့စပ်ပွဲကို​လေ အကျယ်လုပ်ချင်လား။
ကိုကို့ သ​ဘောက အကျဥ်းချုံးပဲ လုပ်ချင်ရင်လည်းက ကိစ္စမရှိပါဘူး။"

ဟိုးတစ်​နေ့ ဟွန်း မိဘ​တွေနဲ့ မိတ်ဆက်​ပေးမယ် လို့ ဆိုလာတဲ့ ​နေ့ကတည်းက စလို့ ​ရှောင်းကျန့်ဟာ ​စေ့စပ်ပွဲ အတွက် ဖိအား​ပေးခံ​နေရခြင်းဖြစ်သည်။

အမည်မသိ ဖုန်းနံပါတ် အစိမ်းတစ်ခု ကို ကိုင်လိုက်မိရာမှ ထိုဖုန်းဟာ ဟွန်းရဲ့ အ​ဖေဖုန်း ဖြစ်​နေသည့် အပြင် ​နေ့တိုင်းလိုလို ဖုန်းဆက်ပြီး​နောက် ​စေ့စပ်ပွဲ ​အ​​ကြောင်း မသိမသာ စကားထည့်လာသည်။
အခု တစ်​ခေါက် Chong Qing ကို ဟွန်း လိုက်လာပြီးချိန်မှာ ပို၍ သိသိသာသာ တွန်းအား​ပေးလာသည့်အပြင် ဟွန်းကပါ မထင်ရင် မထင်သလို ထိုအ​ကြောင်းအရာနှင့် စပ်လျှဥ်း၍ ​ထွေရာ​လေးပါး ​​ပြောလာသည်။

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now