PART-(1)

11.7K 392 10
                                    

Unicode

ဒုတိယလူ    
    ​နေရာလစ်တစ်ခု​လေးမှာ            ကပ်တွယ်​နေရင်း    တိတ်တိတ်​လေး  ချစ်​ရတာကို    တင်းတိမ်ရတဲ့   အခိုက်အတန့်​တွေ၊
    ပင်ပန်းလို့လှည့်ကြည့်လိုက်တဲ့အခါတိုင်းမှာ         ဒုတိယ​မြောက်​နေရာ​လေးမှာ          အမြဲရှိ​နေ​ပေးနိုင်မယ့်သူဟာ
    ဒုတိယ​မြောက်       လူရှိမလာနိုင်​တော့တဲ့အထိကို      ချစ်ခြင်းတွေ      အစွမ်းကုန်​ပေးဆပ်ခဲ့ပြီး​နောက်      ပြီးပြည့်စုံတဲ့  ဇာတ်လမ်းအတွက်     ​​ပျောက်ကွယ်သွား​ပေးရစမြဲ။
ဝမ်ရိ​ပေါ်ဆိုသည့်        လူသား​လေးအတွက်လည်း   ဆို့နစ်စရာ  အဆုံးသတ်တစ်ခုကို         သတ်မှတ်ပြီးသားလား။
ဥပမာ  Peter       က  ဘယ်​တော့မှ     Tinkerbell    ကို     မရွေးချယ်ခဲ့သလို​ပေါ့။

.........................

ရိ​ပေါ်  သူ့​ရှေ့မှာချထားတဲ့        Green  tea   ဘူး​လေးကို  ကြည့်ရင်း  စိတ်လှုပ်ရှားမှု​ကြောင့်      လက်​ဖောင်း​ဖောင်း​လေးနှစ်ဖက်ကို  အချင်းချင်း  ဆုပ်နယ်​နေမိသည်။
လှိုက်လို့       ရင်​မော​ရသည့်       ပူ​​လောင်းတပြင်း   ခံစားချက်တို့ကို ထိန်းညှိနိုင်ဖို့     အသက်ကို  ပုံမှန်  ရှူသွင်း  ရှူထုတ်လုပ်​နေရုံသာ။
သူသာ  ​   ထိုမေးခွန်းကို      ​မေးဖြစ်ခဲ့ပြီးချိန်မှာ  အကိုက   ဘယ်လိုတုန့်ပြန်​လောက်မှာပါလိမ့်။

​အငြင်းစကားကိုသာ      ငဲ့ညာခြင်း   မရှိဆိုလိုက်မည်လား။
​​​တွေ​ဝေကာ   စဥ်းစားဟန်ပြုပြီးကာမှ        မှတ်​မိနေတဲ့အ​ကြောင်းကို   ခပ်​ပေါ့​ပေါ့​လေးသာ    ရယ်​မောရင်း​ပြောပြလာ​လေမလား။
အမျိုးမျိုး​သော    ခန့်မှန်းချက်​တွေ​နောက်မှာ   ရိ​ပေါ်မျက်နှာ​လေးဟာ   ညှိုးလို့  နွမ်းကျသည်။
အကိုနဲ့  ရိ​ပေါ် ရဲ့  ​တွေ့ဆုံမှုမျိုးက      နတ်သမီးပုံပြင်​တွေလို​တော့   ဘယ်စွဲလမ်းစရာ​ကောင်းမလဲ။
ဖြတ်သွားဖြတ်လာလို  ​တွေ့ဆုံမှုမျိုး​ပေမယ့်   ရိ​ပေါ်ဘက်က​တော့    
နက်ရှိုင်းနှင့်​နေခဲ့ပြီ။
အိမ်အို​လေးတစ်လုံးဟာ       ​ရုန်းမရ​အောင်  နှောင်ဖွဲ့တတ်​သောနွယ်​​တွေကို  လွှမ်းထားခြုံရင်း ။
   ပြိုရမှာ  ဘဝ​တွေမှန်းသိရင်  ရိ​ပေါ်   အချိန်​တွေကို  ပြန်ရစ်မိ​လောက်​ကောင်းပါရဲ့။

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now