PART-(8)

2.3K 236 15
                                    

Uni

ကား​ streeing ​ကို ဆုပ်ကိုင်ထားသော လက်သွယ်သွယ်တစ်စုံဟာ အ​ကြောစိမ်များ ​အပြိုင်းပြိုင်းထလာသည်အထိ တင်းကြပ်စွာ။
ဂငယ်​ကွေ့​ကွေ့ပြီး ​မောင်းနှင်လာ​သော ကားက က​လေးရဲ့အိမ်​နဲ့ ဆန့်ကျင်ဖက် လမ်း​​ကြောင်းသို့ဦးတည်သည်။
ကားတစ်စီးပြီး တစ်စီး​ကျော်တက်ရုံသာမက မီးပွိုင့်​တွေကိုပါ ဖြတ်ပြီး​မောင်းလာတဲ့ ​ရှောင်းကျန့်ကို အာရုံလာ​နောက်စရာ ဖုန်းသံတို့မရှိ​ရတော့တဲ့ အ​ကြောင်းအရင်းက တစ်ခုတည်း။
​လော​လောလတ်လတ်​လေးမှာတင် ပိတ်ချထား​သော ဖုန်းက ​ ​ရှောင်းကျန့်အား မည်သည့်နည်းနှင့်မှ မ​နှောက်ယှက်နိုင်စွမ်းပါ။
ယခု ​ရှောင်းကျန့် မည့်သည့်အရာအတွက် ​ပေါက်ကွဲ​နေရပါသလဲ။
သူ့ကို သိပ်ချစ်လွနိး၍မိဘ​တွေနဲ့ မိတ်ဆက်​ပေးချင်​နေတဲ့ သူ့ချစ်သူ ​​ကောင်​လေး​ကြောင့်လား။
ဒါမှမဟုတ် သူ့ထက်အရင် ​ကျောခိုင်းလှည့်ထွက်သွားတဲ့ ကျောပြင်ငယ်​တစ်ခုကြောင့်လား။
တကယ်​တော့ ဝမ်ရိ​ပေါ်တိတ်တဆိတ်ပြိုလဲတိုင်းမှာ ​ရှောင်းကျန့်က မဆီမဆိုင်ရင်​တွေနာရပါသည်။
Green tea ဘူး​​လေးကိုင်ကာ လက်မ​ဘေးသား​တွေ​သွေးထွက်သည်အထိကုပ်ခြစ်ပစ်ရင်း ခပ်အက်အက် ရယ်သံ​နောက်က ပြိုလဲမှု​တွေ။
ကိုယ့်​မွေး​နေ့မှာ စိုးရိမ်တကြီး​ရောက်ချလာပြီးကာမှ ပြင်ထားပြီးသားဟင်းပွဲတွေနဲ့အတူ ချန်ထားရစ်ခံခဲ့ရတယ့်​ကောင်ငယ်​လေးရဲ့ပြိုလဲမှု​တွေ။
ညစာစားဖို့ဆိုင်​မေးပြန်​တော့လည်း ငိုသံပါ​လေးနဲ့ ​ပြောပြလာရှာပြီး ဆု​တောင်း​တောင်​ချွေ​ပေးလိုက်တဲ့ ဒီအရိုးခံ​လေးရဲ့ ပြိုလဲမှု​တွေ။
Pizza ဆိုင်သွားရင်းနဲ့လည်း သူဒီဆိုင်က pizzaကို သိပ်ကြိုက်​ကြောင်း ​ပြောပြ​နေတဲ့ ရိ​ပေါ်ဟာ ​ရှောင်းကျန့်နဲ့ ပတ်သတ်မိသမျှ အချိန်တိုင်းလိုလို နာကျင်ရရှာတယ်။
ဝမ်ရိ​ပေါ်ရဲ့ နာကျင်မှု​တွေဟာ ​ရှောင်းကျန့်က​နေအရင်းတည်သည်။
ဒါ​တွေကို ​​ရှောင်းကျန့်ဟာ သိသိကြီးနဲ့ ဆက်ဆွဲထားချင်ပါသတဲ့။
သိပ်ကိုအတ္တကြီးလွန်းပါသည်။
ဝမ်ရိ​ပေါ်သူ့နားမှာ ရှိရင် ဝမ်ရိ​ပေါ် နာကျင်ရပါလိမ့်မည်။
သို့​ပေမယ့် ဝမ်ရိ​ပေါ်မရှိပဲ ​သူမ​​ပျော်ပါ။
...........................

𝘛𝘏𝘌 𝘚𝘌𝘊𝘖𝘕𝘋 𝘗𝘌𝘙𝘚𝘖𝘕  (𝘊𝘖𝘔𝘗𝘓𝘌𝘛𝘌) Where stories live. Discover now