"ဟမ်???"
"ဟင်????"
"အမ်???"
ထျန်းရွှိုက်စကားကြောင့် အားလုံး မှင်သက်မိကြပြန်သည်။
*ချီး ဒီဇာတ်လိုက်က ဘယ်လိုဖြစ်နေတာလဲဟ။ ငါ့ရည်းစားရော ဟုတ်သေးရဲ့လား။ ဦးနှောက်မရှိတဲ့ အခြားအရူးတစ်ကောင် အစားထိုးဝင်ရောက်လာတာများလား?*
"ကျွန်မ တောင်းဆိုစရာရှိတယ်"
အားလုံးရဲ့အကြည့်က သူမဆီ ရောက်လာပြန်သည်။ ထျန်းရွှိုက်က ဘာလဲဆိုသည့်သဘောနဲ့ မေးပင့်ပြသည်။
"ရှင် ကျွန်မကို လုံးဝမထိရဘူး။ အခန်းခွဲနေမှာနော်"
ချီဖန်းပြောသည့်စကားက သင့်လျော်တာကြောင့် လူကြီးတွေရဲ့အကြည့်က ထျန်းရွှိုက်ဆီ ပြန်ရောက်သွားသည်။
"စိတ်ချ. လက်မထပ်သေးပဲ မင်းကို မထိဘူး"
*****
ချီဖန်း ထျန်းရွှိုက်ရဲ့ကားထဲမှာ ပါလာသည်။ ထျန်းရွှိုက်က ကားကိုဂရတစိုက်မောင်းနေပေမဲ့ သူ့မျက်နှာက အေးစက်နေတဲ့အရှိန်အဝါတွေနဲ့ ပြည့်နေသေးသည်။ ချီဖန်းလည်း သူ့ကို မကြည့်တော့ပဲ ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ ငြိမ်ငြိမ်ကလေးနဲ့ လိုက်ပါလာသည်။
သူ သူမကို ခေါ်ဆောင်သွားသည့်နေရာကတော့ ဗီလာတစ်ခုဖြစ်သည်။ ကားရပ်လိုက်တော့ ချီဖန်း အနောက်ခန်းက သူမအိတ်ကို သယ်မလို့လုပ်လိုက်ပေမဲ့ သူ့လက်က အရင်ဦးသွားကာ သူမအိတ်ကို ဆွဲသွားလေသည်။
ချီဖန်းရဲ့ပစ္စည်းတွေက မနက်ဖြန်မှ ယူလာမှာဖြစ်သည်။ အခုလောလောဆယ်ကတော့ သူမ ညအိတ်ဖို့နဲ့ မနက်ဖြန်ဝတ်ဖို့ အဝတ်အစားတွေရယ်၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ စာအုပ်တွေရယ်သာပဲ ယူလာပေမဲ့ အိတ်က အတော်ကြီးသေးတာပဲလေ
ထျန်းရွှိုက်က ချီဖန်းရဲ့အိတ်ကို အခန်းထဲလိုက်ပို့သည်။
ချီဖန်းကြည့်လိုက်တော့ သူမရဲ့အခန်းက အိမ်ကအခန်းထက် ပိုပြီးတော့တောင် ကြီးနေသည်။ နံရံမှာလည်း သဘာဝတရားကို ဖော်ကျူးထားသည့် ပန်းချီကားတွေနဲ့ ပြည့်နေသည်။ တစ်နေရာမှာတော့ သူမရဲ့ပုံတူပန်းချီကားလေး။
3.10
Beginne am Anfang