ကိုယ်ဝန်ရှိနေပြီ

4.9K 480 15
                                    

ရှင်းရှင်းတို့ လက်ထပ်ပြီး တစ်လလောက်ကြာတော့ ကျင်းဇီယွမ်နဲ့ ဖန်အန်းယွဲ့တို့ လက်ထပ်သွားကြသည်။ သူမ ရှောင်ဖေးကို မေးလိုက်တော့ ဖန်အန်းယွဲ့မှာ ကိုယ်ဝန်ရှိနေလို့တဲ့လေ။ ကလေးအဖေကရော လို့မေးလိုက်တော့ ကျင်းဇီကျန်းပဲတဲ့။

သူတို့နှစ်ယောက်က ဖောက်ပြန်နေတာလားဆိုတော့ မဟုတ်ဘူး။ ကျင်းဇီကျန်းက ဖန်အန်းယွဲ့ကို ဘယ်သူမှန်းမသိသေးသလို ဖန်အန်းယွဲ့ကလည်း ကျင်းဇီကျန်းကို ဘယ်သူမှန်း မသိဘူးတဲ့။

“ဟမ်။ အဲဒါဆို သူတို့ ဘယ်လိုလုပ်ပြီး ကလေးရတာလဲ”

“ဘားမှာ အရက်သွားသောက် မူးပြီး နှစ်ကောင်သား အိပ်ရာပေါ်ရောက်သွားတာလေ”

“အော်..အင်း”

ရှောင်ဖေးနဲ့ စိတ်ထဲကနေ စကားပြောပြီးတော့ ရှင်းရှင်း အိပ်ရာက ထလိုက်သည်။

လုချောင်ကျိုးကတော့ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက အလုပ်ခရီးထွက်သွားသည်။ သူထွက်သွားပြီး နှစ်ရက်မှာ ရှင်းရှင်း အန်ချင်တာနဲ့ မူးတာနဲ့ဖြစ်လာသည်။ အစကတော့ ဒီအတိုင်း အလုပ်ပန်းလို့ ထင်ခဲ့ပေမယ့်လည်း အရင်ဘဝမှာတုန်းက ကိုယ်ဝန်ဆောင်ဖူးတာကြောင့် ကိုယ်ဝန်လက္ခဏာတွေမှန်း သတိထားမိလိုက်သည်။
ဒါကြောင့် သူမ ဆေးရုံကိုသွားကာ ဆေးစစ်လိုက်သည်။ ကိုယ်ဝန်နှစ်ပတ်တဲ့။

ကံကောင်းစွာနဲ့ပဲ မကြာခင်မှာ လုချောင်ကျိုး မွေးနေ့ရောက်တော့မည်။ သူ့မွေးနေ့ကျမှ သူ့ကို ပြောပြပြီး စပရိုက်တိုက်ရမည်။

ထိုနေ့ ရှင်းရှင်းအလုပ်သွားတော့ ဇာတ်လိုက်မဖန်အန်းယွဲ့ရဲ့ အထင်သေးသည့် အကြည့်တွေကို ရင်ဆိုင်လိုက်ရသည်။

“အာ..ဘယ်သူများလဲလို့ ရှင်းရှင်းမမပါလား”

“…”

“မမကလည်း မာနကြီးလိုက်တာနော်။ အာ..ဟုတ်သား။ ယွဲ့လေးကိုယ်ဝန်ရှိနေတယ်ဆိုတာကို ကြားတယ်မလားဟင်။ မမ စိတ်မပူပါနဲ့။ ကိုကိုကျင်းကို ယွဲ့လေးက ပျော်စရာမိသားစုလေးကို ဖန်တီးပေးမှာပါ။ မမ မဖန်တီးပေးနိုင်ခဲ့တဲ့ မိသားစုလေးလေ”

ဇာတ်လိုက်ကို လုယူမယ်(zgi,uni) Pt.(2) (OC)Where stories live. Discover now