နေ့လည်ခင်းထမင်းစားချိန်ဆင်းတော့ ကျင်းဇီယွမ်က ရှင်းရှင်းအခန်းရှေ့မှာ ရပ်စောင့်နေသည်။
ရှင်းရှင်းနဲ့ရှောင်ဖေး ထမင်းသွားစားမလို့ တံခါးဖွင့်လိုက်တော့ အခန်းရှေ့မှာ ကျင်းဇီယွမ်ကို တွေ့လိုက်ရတယ်။ ရှောင်ဖေးက အံ့သြပြီး ရှင်းရှင်းကို လှည့်ကြည့်လိုက်သော်လည်း ရှင်းရှင်းက တည်ငြိမ်နေသည်။
“ကိုယ်တို့စကားပြောကြရအောင်”
“ပြော”
ကျင်းဇီယွမ်က ရှောင်ဖေးဘက်ကို လှည့်ကြည့်ကာ “ကိုယ်က မင်းနဲ့ပြောချင်တာ”
သူ့စကားကို ရှင်းရှင်းနားလည်သဖြင့် ရှောင်ဖေးဘက်သို့လှည့်ကာ ပြောလိုက်သည်။
“ရှောင်ဖေး အရင်သွားတော့. မမ အနောက်ကနေလိုက်ခဲ့မယ်”
“ဟုတ်” ရှောင်ဖေးက သူမစကားကို နားထောင်ကာ အရင်ထွက်သွားပေးလေသည်။
ရှောင်ဖေးထွက်သွားသည်နဲ့ ကျင်းဇီယွမ်က ရှင်းရှင်းလက်ကိုဆွဲကာ ခေါင်မိုးထပ်သို့ ဆွဲခေါ်သွားလေသည်။
“ဒါ ဘာလုပ်တာလဲ?” ရှင်းရှင်းက သူ့လက်ကို ခါထုတ်ကာ မေးလိုက်သည်။
“ကိုယ် ဘာလုပ်လို့လဲ?”
“ရှင် ဘာလို့ကျွန်မကို ဆွဲခေါ်လာတာလဲ”
“အဟက်. ဘာလဲ မင်းက နောက်တစ်ယောက်ရသွားတော့ ကိုယ်ထိတာကိုတောင် မလိုချင်တော့ဘူးပေါ့”
ဘာ..ဒီကောင် ရူးနေတာလားဟ။
“ရှင် ရူးနေတာလား”
“ကိုယ်မရူးဘူး. သူက ဘယ်သူလဲ”
“သတင်းတွေ မကြားဘူးလား”
“ကြားတယ်. မင်းမှာ ဘာဝမ်းကွဲမှ မရှိဘူးဆိုတာကို ကိုယ်အသိဆုံးပဲလေ”
“အဲဒီတော့..”
“ဘာလဲ မင်းဝန်ခံလိုက်တာလား”
“ရှင် ကျွန်မအကြောင်းကို ဘယ်တုန်းက ပြန်ပြီးစိတ်ဝင်စားသွားတာလဲ”
သူမ စကားကြောင့် ကျင်းဇီယွမ် ပြောစရာစကားပျောက်ရှသွားသည်။ သူမ ဘာကိုဆိုလိုတာလဲ။