Chapter 4 Part 2 (Uni/Zawgyi)

Start from the beginning
                                    

သူမ အရူးတော့ မဟုတ်ပါ။

Fu Yanzhiဘာကို ဆိုလိုသည်ကို သူမ သိသည်။

"ရပါတယ် ကိစ္စမရှိပါဘူး။"

Ji Qingyingသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်၊ "ကျွန်မကို ပြန်ဝယ်ကျွေးလိုက်လေ။"

Fu Yanzhiသည် 'အင်း' ဟူသော အသံ ထွက်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်၊ "ကျွန်တော် အရင် သွားနှင့်လိုက်တော့မယ်။"

Ji Qingyingသည် သူမနှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး သူ့နောက်ကျောကို ကြည့်လိုက်သည်၊ "ဒေါက်တာFu၊ ကျွန်မ ရှင့်ကို မေးခွန်းတစ်ခု မေးပါရစေ။"

Fu Yanzhiသည် ရပ်လိုက်ပြီး သူမကို နောက်ပြန်လှည့်ကြည့်လိုက်သည်။

"ရှင့်မှာ ရည်းစား ဒါမှမဟုတ် ကြိုက်တဲ့သူရော မရှိဘူးဟုတ်။"

Fu Yanzhiသည် ကြက်သေသေသွားပြီး ပြန်ဖြေတော့မည့်အချိန်မှာပဲ ဖုန်းမြည်လာတော့သည်။

သူသည် အခြားတစ်ဖက်ကို လှည့်ကာ ဖုန်းကို ဖြေကြားလိုက်သည်။

"ဟယ်လို။"

Ji Qingyingသည် အခြားတစ်ဖက်မှ ဘာတွေ ပြောနေကြသည်ကို မသိပေမဲ့ သူပြောတာ ကြားလိုက်တဲ့ တစ်ခုတည်းသော အရာက "ကျွန်တော် အခုပဲ လာခဲ့မယ်" ဖြစ်သည်။

ဖုန်းချလိုက်ပြီးနောက် Fu Yanzhiသည် သူမမျက်လုံးကို ကြည့်လိုက်ကာ ပြောလိုက်သည်၊ "ကျွန်တော် တောင်းပန်ပါတယ်။"

ထိုသို့ ပြောပြီးနောက် သူသည် Ji Qingyingကို စကားပြောရန် အခွင့်မပေးတော့ဘဲ သူမ ရှေ့မှောက်အတွင်း အမြန် ပျောက်ကွယ်သွားတော့သည်။

Chen Xinyuအိမ်သို့ ပြန်ရောက်သောအခါ တစ်အိမ်လုံးသည် မီးများ ဖွင့်ထားကာ တိတ်ဆိတ်ငြိမ်သက်နေသည်။

သူမသည် ကြမ်းပြင်ကို ကြည့်လိုက်ပြီး ကြေမွနေသော ပုံကြမ်း အမြောက်အမြား ရှိနေသည်။

သူမသည် ဧည့်သည်အခန်းတံခါးကို ကြည့်လိုက်ပြီး တံခါးခေါက်လိုက်သည်။

"နင် အိပ်ပျော်နေပြီးလား"

"ဟင့်အင်း။"

Ji Qingyingသည် ပြန်တုံ့ပြန်လိုက်သည်၊ "ငါ ခဏနေရင် ထွက်လာခဲ့မယ်။"

Jiaochen (MM Translation)Where stories live. Discover now