Chapter 4 Part 2 (Uni/Zawgyi)

912 101 1
                                    

Unicode Font

4. ထမင်းဖိုး (၂)

ခဏကြာသော် စားပွဲထိုးသည် သူတို့နှစ်ဦး မှာထားသော ဆန်ပြုတ်ကို ယူလာခဲ့တော့သည်။

Fu Yanzhiသည် တူများ သွားယူရန် ထလိုက်ပြီး သူ ပြန်ထိုင်လိုက်သောအခါ Ji Qingyingမှ အနည်းငယ် ခွာလိုက်သည်။

Ji Qingyingသည် သိပ်ပြီးတော့ မခံစားမိလိုက်ဘဲ သူမ ဗိုက်သာ အနည်းငယ် ဆာလာတော့သည်။

သူမသည် တစ်ညနေလုံး ဘာမှ မစားရသေးပါ။ မစားခင် အိမ်အရင် ကြည့်ရန် လုပ်လိုက်ပေမဲ့ Chen Xinyuက အရင် ထွက်ပြေးသွားသောကြောင့် သူမတစ်ယောက်တည်းလည်း ထမင်းစားချင်စိတ် မရှိနေပါ။

သူတို့နှစ်ဦးလုံးသည် မျက်နှာချင်းဆိုင်မှ လူတို့ ဘယ်အချိန် ထွက်သွားသည်ကို မသိကြပါ။ Ji Qingyingစားသောက်ပြီးသောအချိန်တွင် Fu Yanzhiလည်း သူ့ဖုန်းကို စစ်ဆေးနေပြီးဖြစ်သည်။

ဆိုင်မှ အလင်းရောင်သည် သူ့မျက်နှာပေါ် ကျရောက်နေပြီး သူ့မျက်နှာမှာ အနည်းငယ် နူးညံ့သိမ်မွေ့လှသည်။

"စားပြီးပြီးလား"

Ji Qingyingသည် ခေါင်းညိတ်လိုက်၏။ "ဒါနဲ့ ရှင် ဆေးရုံကို ပြန်သွားဦးမှာလား"

Fu Yanzhiသည် ခေါင်းညိတ်လိုက်ပြီး မထွက်သွားခင် ကုန်ကျငွေ ရှင်းလိုက်သည်။

သူတို့နှစ်ဦးသည် ဖြည်းဖြည်းလေး လျှောက်နေကြသည်။ သူတို့ ဆေးရုံဝင်ပေါက်အနား ရောက်ခါနီးသောအခါ သူသည် ရုတ်တရက် ပြောလိုက်သည်၊ "ကျွန်တော် တောင်းပန်ပါတယ်။"

Ji Qingyingသည် ကြက်သေသေသွားသည်။

Fu Yanzhiသည် ရှင်းပြလိုက်၏၊ "ခုနက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်ပါ။"

Ji Qingyingလည်း ခေါင်းညိတ်လိုက်သည်၊ "ကျွန်မ အဲ့လောက်တော့ ခန့်မှန်းမိပါတယ်။"

သူမသည် ပြုံးလိုက်သည်။ "ကျွန်မ စိတ်ထဲ မထားပါဘူး။"

Fu Yanzhiသည် ခေါင်းညိတ်ရင်း အသိအမှတ်ပြုလိုက်သည်၊ "ကျွန်တော် သူ့ကို မင်းဆီ ပိုက်ဆံလွှဲခိုင်းလိုက်ပါ့မယ်။"

Ji Qingyingမျက်နှာပေါ်က အပြုံးသည် တောင့်တင်းသွားပြီး သူမ ရုတ်တရက် ဆွံ့အသွားသည်။

Jiaochen (MM Translation)Où les histoires vivent. Découvrez maintenant