" သရဲ စာအုပ် "

အရိပ်အပြောကြောင့် ရိုးရယ်ချင်သွားသည်။

သရဲစာအုပ်ဖတ်နေပြီးသူခေါ်လိုက်တာကို ငယ်သံပါတဲ့အထိအော်လိုက်တဲ့ အရိပ်က တော်တော်လေးကိုသတ္တိကောင်းလှသည်။

" သရဲကြောက်တတ်ရင် ဘာလို့အဲလိုစာအုပ်တွေဖတ်နေတာလဲ တခြားဟာတွေမငှားခဲ့ပဲနဲ့ "

ရိုး အရိပ်ကိုပြောရင်းရေဘူးထဲကရေတစ်ခွက်ငှဲ့သောက်လိုက်ပြီးနောက် ... အင်းထဲပြန်ဆင်းရန်ပြင်လိုက်သည်။

" ရိုး အရိပ်အိမ်ပြန်ပြီ ထမင်းချိုင့်သွားယူတော့မယ် "

" အင်း နေပူတယ် ခမောက်စောင်းသွား "

" ဟုတ် "

အရိပ်က ရိုးကိုပြောကာအင်းထဲကနေရွာကိုထမင်းချိုင့်ယူရန်ပြန်လာခဲ့လိုက်သည်။

" ဦးလေး ဟင်းကျက်ပြီလား "

" အေးကျက်ပြီ ထမင်းချိုင့်လာယူတာလား "

" ဟုတ်ကဲ့ ဦးလေး "

အရိပ်ယောက္ခထီးလုပ်သူဦးလေးရိုးဟန်ကိုမေးရင်းနဲ့ထမင်းထုပ်ရန်လေးဆင့်ချိုင့်ကိုယူကာ ရေဆေးလိုက်၍။

" ဟင်းကတော့ကျက်ပြီ ကြက်သားကြော်ထားတယ် ခရမ်းချဉ်သီးငပိချက် ချက်ထားတယ် လက်ဖက်သုပ်စားချင်ရင်သုပ်သွားလိုက် "

" ဟုတ်ကဲ့ "

အရိပ်လည်းလက်ဖက်သုပ်ရန်ပြင်လိုက်ပြီး ရွာထွက်ကြက်သွန်ဖြူဥသေးသေးလေးတွေကိုနှစ်လုံးလောက်အခွံနွှာလိုက်သည်။

ချစ်ယောက်ျားရိုးကလက်ဖက်သုပ်စားရင် ကြက်သွန်ဖြူများများကိုက်စားရတာကိုပိုကြိုက်သူဖြစ်၏ ရိုးအကြိုက်ပုစွန်ခြောက်များများပါ ထည့်သုပ်လိုက်ပြီးနောက် အိမ်ရှေ့ကဦးလေးရိုးဟန်ကိုကြည့်ကာ။

" ဦးလေးထမင်းစားတော့မလား ကျွန်တော်ခူးထားခဲ့လိုက်မယ် "

" မစားသေးဘူး နွားတွေယာခင်းထဲမှာချည်ထားခဲ့တာနေပူနေလောက်ပြီ သွားပြောင်းလိုက်ဦးမယ် မင်းတို့အတွက်လောက်အောင်ထည့်သွား "

ဦးလေးရိုးဟန်တစ်ယောက်ကအရိပ်ကိုပြောပြီး ခမောက်ကောက်စောင်းထွက်သွားတော့ အရိပ်လည်းထမင်းချိုင့်ထုပ်ယူပြီးမီးဖိုတံခါးကိုကြက်တွေမဝင်နိုင်အောင် သေချာပိတ်ထားခဲ့လိုက်ကာ အင်းထဲပြန်သွားရန်ထွတ်လာစဉ်။

( သူကြီးသမက် )  CompletedWhere stories live. Discover now