Part (44) Uni/Zawgyi

Start from the beginning
                                    

ဒီနေ့တစ်နေ့လုံး သူနဲ့ပျော်အောင်နေမယ်
ဒီနေ့ကသူနဲ့မွန်းရဲ့နောက်ဆုံးအချိန်တွေပဲ။

ထိုဆုံးဖြတ်ချက်နှင့်အတူ
"ဟင်!"
အသံနုနုလေးနှင့်ပြန်ထူးလိုက်သည်။

"၅နာရီခွဲနေပြီ Baby ရဲ့ ကိုယ်တို့အတွက် အချိန်တွေကတန်ဖိုးရှိတယ် သွားရအောင်"
"အွန်း "

အတ္တက သူမလက်လေးကို ဆွဲကိုင်ထူပြီး အခန်းထဲမှ ထွက်၍ လှေကားမှအသာအယာဆင်းလာခဲ့ကြသည်။
ကားထဲ၀င်ရန်ကစ တံခါးကိုအလိုက်သိ ဖွင့်ပေးနေတဲ့သူဟာ ကားကိုလက်တစ်ဖက်တည်းနဲ့မောင်းပြီး တစ်လမ်းလုံး မွန်းလက်ကိုမလွှတ်ပဲ ဆုတ်ကိုင်ထားသည်မှာ ချွေးတွေပင်ထွက်နေပြီဖြစ်သည်။ တစ်ချက်တစ်ချက် မွန်းရဲ့လက်ကလေးယူပြီး သူ့နှုတ်ခမ်းများဖြင့်ဖိကပ်နမ်းသေးသည်။

"ကို  ဘယ်ကိုသွားနေတာလဲ"

မွန်းသည် ကားထဲမှာတိတ်ဆိတ်နေသောကြောင့် သူမဘက်ကစပြီးမေးလိုက်သည်။

"ကိုယ်နဲ့ မင်း နဲ့ ဒီမြို့ထဲမှာ လျောက်မလည်ဖူးဘူးလေ ကိုယ်တို့ရဲ့First Dateက Paris မှာ မဟုတ်လား "

"မြို့ထဲ? အင်းပါ ကို့ သဘော "

ကားမောင်းနေတဲ့သူ့ရဲ့ဘေးတိုက်မြင်ကွင်းဟာ အတော်ကလေးပင်ကြည့်ကောင်းနေသည်။

မေးရိုးပုံံစံစနစ်ကျတာ နှာခေါင်းကအင်္ဂလိပ်နိုင်ငံသားတစ်ယောက်လိုဆင်းပြီးချွန်နေတာ ပြီးတော့ မွန်းမကြာခဏဖက်တွယ်ဖူးတဲ့ သူ့ရဲ့သွေးကြောစိမ်းတွေယှက်ဖြာနေတဲ့ လည်တိုင်ဖြူဖြူဖွေးဖွေး၊ ဘယ်လိုကြည့်ကြည့်ချောမောနိုင်လွန်းတဲ့သူက မငြီးငွေ့နိုင်အောင် ကျွန်မကိုဆွဲဆောင်နိုင်လွန်းသည်။

သူ့ဆီကနေပင်မျက်လုံးများမခွာနိုင်လောက်အောင် ဘယ်လောက်ကြည့်ကြည့်မရိုးတဲ့ချောမောမှုမျိုးကိုပိုင်ဆိုင်ထားသော အတ္တလွန်ပင်ဖြစ်ပါသည်။

သူကိုမျက်လုံးများမလွှဲတမ်းကြည့်နေခဲ့တာကိုလည်း သူသတိထားမိဟန်တူပါသည်။ Supermarket တစ်ခုရဲ့ရှေ့မှာ ကားကိုရပ်လိုက်ပြီး မွန်းဘက်သို့မျက်နှာလှည့်လာ၍

"Baby ကို မင်းကို တစ်ခုခု၀ယ်ပေးချင်တယ်!"

"ဟင် တော်ပါပြီ ကို ရယ် မွန်း မလိုချင်ဘူး "

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now