Chapter - 9 [လျှို့ဝှက်ချက်က ဘာလဲ] (U&Z)

1.3K 83 0
                                    

Unicode Version..⬇️

You Are Mine (Chapter-9)
[လျှို့ဝှက်ချက်က ဘာလဲ]

"ငယ်!.. ငယ်!!.. ကျစ်!.. ထိတွေ့လို့ကလည်းမရ.."

"ငယ်လေး!"

မေမေ့ကို လှမ်းခေါ်မလို့ရှိသေး အသံနဲ့အတူ အမျိုးသားတစ်ယောက် အပြေးရောက်လာသည်။

"သူသတိလစ်.. အဲ.. သခင်လေးကို ဂါဝရပြုပါတယ်.."

စံအိမ်တော်ရဲ့ စာဖတ်ခန်းက အခန်းကျယ်ကြီးတစ်ခုထဲမှာ စာအုပ်စင်တွေနဲ့ စာထိုင်ဖတ်ဖို့နေရာဆိုပြီး နှစ်ခြမ်းခွဲထားခြင်းဖြစ်တယ်။ သစ်တို့က စာအုပ်စင်ရှိတဲ့ဘက်မှာ ဖတ်ဖို့ စာအုပ်ရွေးနေတာ‌ကြောင့် ငယ်လေးကိုမမြင်ရ။ စာအုပ်စင်တွေကလည်း အမြင့်ကြီးတွေ။ အော်သံကြားမှ အပြေးရောက်လာပြီး ငယ်လေးကို ပွေ့ချီရသည်။ 3D ရုပ်လုံးကြွနေတဲ့ လူတစ်ယောက်ကိုလည်း သတိမထားမိ။ ကိုစစ် အရိုအသေပြုနေမှသာ သိသည်။

"ဘယ်လိုလုပ်လိုက်တာတုန်း.. ငယ်လေးက ရုတ်တရက် လန့်သွားရင် သတိလစ်တတ် အားး!!"

"သစ်!.. အော်မနေနဲ့.. ဒီကသူက ဒီစံအိမ်ရဲ့ ဆက်ခံသူသခင်လေးပဲ.. ပုံရိပ်ယောင်က အပြည့်အဝပေါ်ဖို့ လိုင်းအခြေအနေကြောင့် ခေါင်းက သေချာပုံမပေါ်သေးတာ.."

ဆက် သူ့ကိုအရိုအသေပေးတဲ့သူပြောမှပဲ ငယ် သတိလစ်သွားရခြင်းအကြောင်းကိုသိတော့သည်။ လိုင်းစုတ်ကြောင့်။ ‌ခန္ဓာကိုယ်တစ်ခုလုံးကဖြည်းဖြည်းချင်း ပုံရိပ်ထွက်လာပေမယ့် ခေါင်းက ခုထိထွက်မလာသေးပေ။

"ငယ်က ကျွန်တော့်ကြောင့် သတိလစ်သွားတာပေါ့.. ဟုတ်လား.."

"ဟုတ်ပါတယ်.. သခင်လေး.."

"အခုချက်ချင်း ပြန်လာခဲ့မယ်"

စကားသံနှင့်အတူ ပျောက်ကွယ်သွားသော ပုံရိပ်။
သခင်မကြီးကိုပြောပြီး ငယ်လေးကို ဆရာဝန်ပြဖို့ လုပ်ရတော့သည်။

"လာ.. ဒီကိုလာခဲ့.."

စစ်က ငယ်လေးကို ပွေ့ချီလျက်ပင် သခင်မကြီး ခေါ်ရာနောက်သို့ လိုက်ခဲ့ရသည်။ ဒီစံအိမ်မှာ ဆေးကုသဖို့အထူးအခန်းတွေပါရှိတယ်တဲ့။ အခုသခင်မကြီးခေါ်သွားနေတာက စံအိမ်တော်ရဲ့ ဒုတိယထပ်က ဆေးကုသခန်းဆီကိုပင်။

🎉 You've finished reading ✨You Are Mine✨ [ငယ်က မောင့်အပိုင်| ငယ္က ေမာင့္အပိုင္] 🎉
✨You Are Mine✨ [ငယ်က မောင့်အပိုင်| ငယ္က မောင့်အပိုင်]Where stories live. Discover now