Chapter - 3 [ကျူးလစ်ပန်းခင်းထဲက မတော်တဆဖြစ်မှု] (U&Z)

1.9K 133 8
                                    

Unicode Version..⬇️

You Are Mine (Chapter - 3)
[ကျူးလစ်ပန်းခင်းထဲက မတော်တဆဖြစ်မှု]

"သွားကြမယ်လေ.. ကိုသစ်.."

"ခဏနော်.. ကင်မရာအခန်းထဲမှာ ကျန်ခဲ့လို့သွားယူလိုက်ဦးမယ်.."

"ဟုတ်.. အိမ်ရှေ့မှာစောင့်နေမယ်.."

ရှင်မင်းလည်း အိမ်ရှေ့က ထိုင်ခုံတစ်ခုမှာ ထိုင်ရင်း ကိုသစ်ကို စောင့်နေလိုက်သည်။ ကိုစစ်ကတော့ လှူမယ့်ပစ္စည်းတွေကို နေရာချဖို့ ရွာလူကြီးနဲ့အတူ ရွာထဲ ထွက်သွားသည်။

"သွားကြစို့.. ငယ်လေး.."

"ဟုတ်.."
.
.
.

"ရွာလေးက အမြဲသာယာနေတာပဲနော်.."

"ဟုတ်တယ်.. ကိုသစ်.. အဲ့တာကြောင့်ပဲ ကျွန်တော်က ဒီရွာလေးကို အမြဲလာချင်တာ.."

"ငယ်လေးက အမြဲလာနေတာပဲကို.. အစ်ကိုက အလုပ်တစ်ဖက်နဲ့ အားမှလာရတာ.."

"ကျွန်တော်လည်း မယ်တော်မသိခင်ထွက်လာရတာပါ.. သိသွားရင်လွယ်တာမဟုတ်ဘူး.. အခုချိန်ဆိုလည်း ရှာရင်ရှာနေလောက်မှာ.."

"အွန်းး.. အခုတော့ မရှာလောက်တော့ပါဘူး.. ဟိုတစ်ခေါက်က သခင်မကြီးကို အစ်ကိုပြောထားတယ်.. ငယ်လေး ခရီးထွက်ရင် အစ်ကိုတို့လည်း လိုက်သွားလိုက်မယ်လို့လေ.. အခုအိမ်တော်မှာ အစ်ကိုတို့မရှိတော့ ငယ်လေးနောက် လိုက်သွားတယ်ဆိုတာ.. သခင်မကြီးသိမှာပါ.."

"အာ.. အဲ့တာကို ကြိုမပြောဘူးကြည့်.. ကျွန်တော့်မှာတော့ ဖုန်းလည်းမယူခဲ့ရဘူး.. ဖုန်းကို ခြေရာခံပြီး မယ်တော်လိုက်လာမှာစိုးလို့.."

"ဖုန်းမပါရင်တောင် ငယ်လေး ဒီရွာကိုလာမှန်း သခင်မကြီးသိမှာပဲလေ.. ငယ်လေးအမြဲသွားနေကြနေရာပဲကို.. ပြီးတော့ သခင်မကြီးလည်း ဒီကိုရောက်ဖူးတာပဲလေ.."

"ဟီးး ဟုတ်သားပဲ.. ခိုးထွက်လာရတော့ အဲ့တာတွေ မစဉ်းစားမိဘူး.."

"နောက်ဆိုပြောသွားနော်.. တစ်ယောက်တည်းမသွားနဲ့.. သခင်မကြီးက ခွင့်ပြုပေးမှာပါ.. ငယ်လေးက တစ်ယောက်တည်းထွက်ထွက်သွားရင် သခင်မကြီးက စိတ်ပူနေမှာပေါ့"

✨You Are Mine✨ [ငယ်က မောင့်အပိုင်| ငယ္က မောင့်အပိုင်]Where stories live. Discover now