Chapter - 6 [ချစ်ရသူဆီမှ သဝဏ်လွှာ] (U&Z)

1.5K 103 4
                                    

Unicode Version..⬇️

You Are Mine (Chapter-6)
[ချစ်ရသူဆီမှ သဝဏ်လွှာ]

ဒီနေ့နဲ့ဆို မယ်တော်တို့ပြန်သွားတာ တစ်ပါတ်ကျော်ရှိပြီဖြစ်သည်။ ငယ်ရှိတဲ့ နေရာကိုသွားပေမယ့် ငယ်နဲ့ တစ်ခါမှမဆုံ။ ပြန်သွားပြီထင်ပါရဲ့။ ငယ့်ကို တွေ့ချင်လိုက်တာ။

"ဒီနေ့ နယ်စပ်ဂိတ်သစ် ဆောက်နေတဲ့ နေရာဆီ သွားမယ်.. ပြီးရင် လျှပ်စစ်မီးအတွက် ရေအားလျှပ်စစ်ကိုပဲ အသုံးပြုတာမလား.. ဘာတွေပြီးသွားပြီလဲ.."

"ဟုတ်ကဲ့.. သခင်လေး.. ရေအားလျှပ်စစ်ယူရမှာဆိုတော့ ရေလှောင်တမံနဲ့ ရေယူအဆောက်အအုံတွေကို စတင်ဆောက်လုပ်နေပါပြီ.. သခင်လေးပြောသလို တစ်ပါတ်တည်းနဲ့ လျှပ်စစ်ရဖို့က မဖြစ်နိုင်သေးပါဘူး.."

"အင်း.. ငါလေ့လာဖို့ အများကြီးလိုသေးတာပဲ.. အမြန်ဆုံးဖြစ်ဖို့ကိုပဲ လောသွားတာ.. သွားကြမယ်.."

"ဟုတ်ကဲ့.. သခင်လေး.."

တည်းတဲ့ အိမ်ကနေ နယ်စပ်ဂိတ်ဆောက်လုပ်တဲ့ နေရာဆီ ထွက်ခွာလာလိုက်သည်။ နယ်စပ်ဂိတ်ကတော့ ဆောက်လုပ်ရေးအတွက် စက်ရုပ်တွေပါ အသုံးပြုလိုက်တာကြောင့် ကိုးဆယ်ရာခိုင်နှုန်းခန့် ပြီး‌စီးနေပြီ ဖြစ်သည်။ ရွာရဲ့ခပ်ဝေးဝေးမှာ တိုင်းပြည်ရဲ့ နယ်ခြားစောင့်တပ်ခွဲတစ်ခုရှိတာကြောင့် နယ်စပ်ဂိတ်လုံခြုံရေးအတွက်လည်း ပူစရာမလိုတော့ပေ။ စစ်ဦးစီးချုပ်ကလည်း နယ်စပ်ဂိတ်စတင် ဆောက်လုပ်တော့ လာရောက်စစ်ဆေးသွားသေးသည်။

"ဟိုတစ်နေ့က စစ်ဦးစီးချုပ်လာတော့ ဘာတွေမှာသွားသေးလဲ.."

အဲ့နေ့က စစ်ဦးစီးချုပ်နဲ့ ဆက်နဲ့က လမ်းလွဲသွားတာဖြစ်သည်။ စစ်ဦးစီးချုပ်က နယ်စပ်ဂိတ်ကို အရင်လာရောက်ကြည့်ရှုတုန်း ဆက်က ‌ကျူးလစ်ပန်းခင်းထဲ ရောက်နေခဲ့သည်။

"ဟုတ်ကဲ့.. ဒီနယ်စပ်ဂိတ်ကို 'အသင်္ချေ - ယူဇနာ ချစ်ကြည်ရေး နယ်စပ်ဂိတ်ခွဲ အမှတ်-၂' လို့ သုံးနှုန်းဖို့ပြောသွားပါတယ်.. ပင်မဂိတ်ကြီးရှိနေတဲ့ အတွက်ကြောင့် ဂိတ်ခွဲလို့သုံးနှုန်းစေချင်တာပါတဲ့.. ဒီဂိတ်က သခင်လေးဦးစီးတာဆိုတော့ သခင်လေး စိတ်ကြိုက်သုံးနှုန်းလို့ ရပါတယ်တဲ့.."

✨You Are Mine✨ [ငယ်က မောင့်အပိုင်| ငယ္က မောင့်အပိုင်]Dove le storie prendono vita. Scoprilo ora