Chapter - 5 [Variegated Tulip ၏အဓိပ္ပာယ်] (U&Z)

1.5K 107 6
                                    

Unicode Version..⬇️

You Are Mine (Chapter-5)
[Variegated Tulip ၏အဓိပ္ပာယ်]

"ကဲပြော.. ငယ်လေး ဘာဖြစ်လာတာလဲဆိုတာ.."

"အဲ့တာက.. ဟိုလေ.. ဟိုဟာ.."

"ကဲပါ သစ်ရယ်.. သခင်လေး မပြောပြချင်လည်း ထားလိုက်ပါတော့.."

"ကိုစစ်!!.. အဲ့လိုမခေါ်ပါနဲ့ဆိုဗျာ.. ပြောပြမယ် ဟုတ်ပြီလား.."

အကြောင်းစုံကို မျက်နှာပူပူနဲ့ ပြောပြလိုက်ရတော့သည်။ ကိုစစ်နဲ့ ကိုသစ်ကတော့ စကားဖြတ်ပြောခြင်းမရှ်ိဘဲ ရှင်မင်းပြောတာကိုသာ အာရုံစိုက်နားထောင်နေသည်။ တော်တော်ကို သိချင်နေကြပုံပဲ။

"သူက.. မျက်နှာဖုံးတပ်ထားလား.."

"ဟင့်အင်း.. မျက်နှာဖုံးတော့ မတပ်ထားဘူး.. ချွတ်ထားပြီး မြက်ခင်းပေါ်ချထားတာ.."

"ကိုစစ်သိလို့လား.."

"သစ်.. ငါတို့အခုရောက်နေတာ အသ‌င်္ချေတိုင်းပြည်ထဲမှာနော်.."

"ဟုတ်တယ်လေ.."

"အင်း တိုင်းပြည်နှစ်ခုရဲ့ သံအမတ်ဖြစ်ပြီး မရိပ်မိဘူးလား.."

"ဘာကို.. အဲဒီ့သူက.. ဧက္ကရာဇ်စံအိမ်တော်ဆက်ခံသူလား.."

"အခုရောက်နေတဲ့ တိုင်းပြည်ထဲမှာ မျက်နှာဖုံးဝတ်တဲ့သူဆိုလို့ သူပဲရှိတာ.."

"ဒါပေမယ့် ဒီနေရာကသာမန်ရွာငယ်လေးတစ်ခုလေ.. သူက ဘာလာလုပ်.. အာ.. သိပြီ သခင်မကြီးလည်းရောက်နေတာပဲ.."

ကိုသစ်နဲ့ ကိုစစ် ပြောတာကို အလယ်ကနေ နားထောင်နေရင်း  အသ‌င်္ချေတိုင်းပြည်ရဲ့ ဧက္ကရာဇ်စံအိမ်တော်ဆက်ခံသူဆိုတဲ့ စကားကြောင့် မျက်လုံးအပြူးသား ဖြစ်သွားရသည်။ ပြီးတော့ ထိုလူ့မျက်နှာကြီးကို မျက်လုံးထဲမြင်ယောင်လာသည်။ ချောမောခန့်ညားတဲ့ သူတစ်ယောက်လို့ မြင်မိပေမယ့် အခုချိန်မှာတော့ ထိုလူ့အရှိန်အဝါကြောင့် ရှိန်သွားရသည်။

"အဲ့တာဆို.. ကျွန်တော် သူ့ကို တက်.. တက်နင်းမိခဲ့တာ.."

"နေဦး.. သူက ငယ်လေးကို ဘာမှမလုပ်တဲ့အပြင် ပန်းတောင် ပေးလိုက်သေးတယ်ပေါ့.. သူဘာပြောသေးလဲ.."

✨You Are Mine✨ [ငယ်က မောင့်အပိုင်| ငယ္က မောင့်အပိုင်]Where stories live. Discover now