မျက်ခုံးမွှေးတန်းတော့ ဘာဖြစ်လဲ.. မျက်လုံးညိုတွေ ကျယ်ပြန့်တော့ ဘာဖြစ်လဲ.. ပြုံးစစလုပ်တတ်တာတွေ စကားပြောတတ်တာတွေကို ဘယ်သူက အရေးစိုက်နေလို့လဲ.. ဟမ့်.. တအိမ်တည်း အတူနေမှတော့ ဒါတွေကို သတိထားမိတာ ဆန်းသလား.. ဘယ်နားမှာ ထူးဆန်းသွားလို့တုန်း သော်တာနိုင်ရ..

ကိုယ့်ပါးကို လေးငါးချက်လောက် တဖျတ်ဖျတ် ရိုက်ရင်း မေးခွန်းထုတ်တဲ့အခါ သော်တာနိုင့်စိတ်ထဲ နေသာထိုင်သာ ရှိသွားသည်။ တနှစ်ပတ်လုံး ကျောင်းအတူတူတက်ခဲ့ပြီး တတွဲတွဲလုပ်ခဲ့တုန်းကတောင် ဘာသရိုးသရီမှ မခံစားခဲ့တာပဲလို့ တွေးကာ တခါပြန်ပြီး စိတ်သက်သာရာ ရသွားလေတော့သည်။

ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့.. ဒီကောင် တရစပ်ပြောနေတဲ့ အိမ်မက်ထဲကကောင်လေးဆိုတာ ဒင်း ဖြစ်နေခဲ့ရင် လမင်းကြီးဆိုတာကရော ငါလား..

ငါ့သားလေးမွေးတုန်းက မျက်နှာလေးကြည်လင်ပြီး အမြဲပြုံးနေ ရယ်နေတတ်တာ.. အေးချမ်းလွန်းလို့ အမေက သော်တာနိုင်လို့ နာမည်ပေးခဲ့တာ သားရဲ့.. ဆိုသော မွေးသမိခင် စကားတို့ကို ပြန်လည်ကြားယောင်လာရသည်။

ဒါဆို ဒီတလျှောက်လုံး ကိုး ပြောနေတဲ့ အိမ်မက်ထဲကကောင်လေးရဲ့ လမင်းကြီးဆိုတာ သူ့ကိုပဲ ရည်ညွှန်းခဲ့သလား။ အိမ်မက်တခုလို ဇာတ်လမ်းဆင်ပြီး သူ သိအောင် ပြောပြနေခဲ့တာလား။ ငြိမ်သက်စပြုနေသည့် ရင်ခုန်သံများသည် တဒိတ်ဒိတ်ဖြင့် ခုန်နှုန်းစိတ်လာရပြန်သည်။

ကိုးက အခြောက်လား.. ငါကရော ယောကျာ်းချင်းကြိုက်တဲ့ အခြောက်ဖြစ်သွားမှာလား..

မတထောင် တကောင်ဘွား.. ငါ့သားကွ ဆိုပြီး အမြဲဂုဏ်ယူဝင့်ကြွားနေတဲ့ အဖေကရော.. ဒါကို လက်ခံပေးနိုင်ပါ့မလား။ ဒီတခါရော အမေက သူ့ဘက်မှာ ပါပါ့မလား။

မရေရာ မသေချာတဲ့ မေးခွန်းပေါင်းများစွာက ဦးနှောက်ကို ထိုးနှက်နေတဲ့အပြင် ရှုပ်ထွေးနောက်ကျိနေသော စိတ်အလျဉ်တွေထဲ ရှက်ရွံစိတ်တွေပါ ပါလာသည်။ အခန်းနံရံမှာ ကပ်ထားတဲ့ မှန်ထဲမှာ ပုံရိပ်ထင်ဟပ်နေသော သူ့ကိုယ်သူ ပြန်လည်ငေးစိုက်ကြည့်နေရင်း သော်တာနိုင် ငိုချင်လာတော့သည်။

လမင်းသခင်ရဲ့ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now