"အဲ့လောက်ထိအန်နေမှတော့ ဆေးရုံသွား
ရမှာပေါ့ ခနနေအုန်း"
ကျောကုန်းကို ခပ်ဖွဖွပုတ်ပေးကာ ပိုအန်နိုင်အောင် ကူပေးနေသည်။
အန်လို့ပြီးပြီထင်တော့ ရေဖွင့်ချကာမျက်နှာပါသစ်လိုက်သည်။ တကိုယ်လုံးကအားတွေပါ အန်ချပစ်လိုက်သလို ထိုနေရာမှာတင်လှဲအိပ်ချင်လောက်အောင်ချိနဲ့နေသည်။
ရုတ်တရပ်မြောက်တက်သွားသော ခန္ဓာကိုယ်က ရင်ဘတ်နွေးနွေးနဲ့ထိကပ်သွား လေသည်။
အနည်းငယ်ရှုပ်ပွနေတဲ့ဆံနွယ်တွေနဲ့
အိမ်နေရင်း တီရှပ်အမဲရောင်နဲ့ ရှက်အကွက်ဆိုက်အကြီးကို အပေါ်ထပ်၀တ်ထားတဲ့ သူမျက်လုံးထဲမှာဆိုးရိမ်မှုတွေအပြည့် လက်ရှည်ရှည်သွယ်သွယ်တွေနဲ့ နဖူးကို ဖွဖွစမ်းပြီး သူမကိုချီကာ ခပ်သွက်သွက် ကားဆီလျှောက်သွားနေသည်။
"ဆေးရုံသွားရအောင်"
ဘဲလ်နောက်ခန်းမှာ ဖြေးဖြေးချပြီး နီးစပ်ရာဆေးရုံတစ်ခုကို ယွန်းဂီအမြန်မောင်းလေတော့သည်။
_____________
ဆေးစစ်ပြီးတော့ ဘဲလ်ဂနာမငြိမ်ဖြစ်နေသည်။ဘာရလဒ်ထွက်မလာမလဲ ဘယ်သူမသိ သူနဲ့အတူ ယွန်းဂီလဲစိတ်လှုပ်ရှားနေမှန်း လက်ချောင်းတွေကို ဆော့ကစားနေတာမို့သိလိုက်ရသည်။
"ဟယ်သာဘဲလ်ရဲ့ ခင်ပွန်းပါလာသလား"
Duty coat နဲ့ dr တစ်ယောက်က
စာရင်းကိုင်ရင်းမေးလာသည်မို့ ယွန်းဂီက ထကာ
"ကျွန်တော်ပါ ဘဲလ်ရဲ့ခင်ပွန်း"
Drကပြုံးကာ သူတို့နားလျှောက်လာရင်း
"ဒါဆို ဂုဏ်ယူပါတယ် ခများရဲ့ဇနီးမှာ ကိုယ်ဝန် သုံးပတ်ရှိနေပြီ"
___________________________
အပ်ပုဒိတ်ပါညော်
ဒါဆိုဘဲလ်နဲ့ယွန်းဂီကြားမှာပါလာမဲ့နောက်တစ်ယောက်က ဘယ်သူလဲခန့်မှန်းမိကြပြီဟုတ် စပရိုက်!
နေသိပ်မကောင်းသေးပေမယ့် အပ်ပုဒိတ်လုပ်တဲ့ဆိုရင်မ်လေးအားရှိအောင် ဖိဘတ်တွေပေးကြပါအုန်း လာ့ဖ်ယူအော်လ်<33
If they ask you about me,
tell them,
❝ she was the only person that loved me with honesty,but i never understand ❞
╔════════════════╗
ESTÁS LEYENDO
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...
3. we can't breakaway... we've to hold on
Comenzar desde el principio
