3. we can't breakaway... we've to hold on

Mulai dari awal
                                        

_________________________

ထိုနေ့ကစပြီး တရက်ပြီးတရက်ကုန်သွားသည်အထိ သူမတို့စကားလုံး၀မပြောဖြစ်တော့။ အနမ်းလေးတစ်ခုနဲ့ပါးစပ်ပိတ်သွားတဲ့သူမကိုယ်သူမ ရှက်တာလဲပါမည်။

သူကလဲအရင်လို ဒုံရင်းကဒုံရင်းပင်။ ပြန်လာချိန်တဲ့အချိန်ပြန်လာသည် ပြန်မလာသည့်နေ့တွေက ပိုများသည်။ ပြန်လာရင်လဲ studio အခန်းထဲမှာ တံခါးပိတ်ကာ သူ့ဘာသာသူနေတက်သည်။ တစ်ယောက်နဲ့တစ်ယောက်မတွေ့အောင်ရှောင်နေကြသလိုပင်။

အခုရက်ပိုင်းနေလို့ လုံး၀မကောင်း ပျို့ချင်သလိုအန်ချင်သလိုနဲ့ ခနခနလဲအန်နေသည်။
အခုတလော အများကြီးစားမိတာမို့အစာမကြေတာဖြစ်မည်ဟုတွေးမိသော်လဲအဆင်ပြေမနေ ခေါင်းတွေမူးလိုက် မထနိုင်အောင် ချိ့နဲနေသည့်အခါတွေလဲရှိသည်။ တရက်မဟုတ်နှစ်ရက်မဟုတ်ဖြစ်နေသောကြောင့် သူမ သံသယစ ၀င်လာသောလဲဒီတိုင်းသာ ထားလိုက်သည်။

အခု မုန့်တထုပ်ဖောက်စားကာ တီဗီကြည့်ကြည့်နေရင်း ခေါင်းတွေထိုးကိုက်ကာ
အန်ချင်သလိုဖြစ်လာသည်။ မင်ယွန်းဂီက ‌ဒီနေ့စောစောပြန်လာကာ အဆာပြေမုန့်ထုပ်တွေနဲ့ သူစတူရီယိုထဲမှာ တံခါးပိတ်နေသည်။

မုန့်ထုပ်ကို ခနချရင်းအီလည်လည်ဖြစ်နေတဲ့ဗိုက်ကိုခနဖိထားလိုက်သည်။

ငါအရမ်းစားမိလို့များလား။

အန်ချင်သလိုလို ပိုဖြစ်လာတာ ပျို့တက်လာသည်။ ဒီတိုင်းနေလို့ မဖြစ်တော့၍ရေချိုးခန်းထဲ ပြေးရသည်။

ပိုပျို့တက်လာတာဘေစင်ကိုအမြန်ပြေးကာဝေါ့ကနဲထိုးအန်လိုက်ရသည်။

ပျို့သံအကျယ်ကြီးတွေထွက်ထွက်လာကာ
အူ‌တွေအသည်းတွေထဲကလှိုက်ထုတ်နေသလို စားထားသမျှတွေအန်ထွက်လာသည်။ အန်နေရင်းနဲ့ကိုပင်ပန်းလာသည်။

ပျို့သံတချက်တချက်နဲ့အတူအစာတွေက ခြစ်ထွက်လာသည်။ သေမတက်ခံစား
ချက်ကြီးပင်။

ဝုန်းဒိုင်းကြဲပြီးထွက်လာသော ခြေသံနဲ့အတူ ကျောပေါ်ကျရောက်လာသော လက်နွေးနွေးတဖက်။

"အဆင်ပြေရဲ့လား?"

သူ့အသံခပ်ရှရှသည် စိုးရိမ်မှုတွေနဲ့ပြည့်နှက်လျှက်။ အားမရှိစွာ ခေါင်းခါပြကာ ဝေါ့
ကနဲထပ်ထိုးအန်လာသည်။

Handle The Fragile Between Us | MYGTempat cerita menjadi hidup. Temukan sekarang