3. we can't breakaway... we've to hold on

Start from the beginning
                                        

လက်တဖက်ကမျက်နှာကနေခါးနေရာကိုတိုး၀င်လာကာ ဆွဲယူပြီး စိတ်ကြိုက် နမ်းလို့၀မှလွတ်ပေးလိုက်တော့ သူမနှုတ်ခမ်းတွေက ဆွဲငင်အားကြောင့် သာမန်ကထက်နီရဲကာအနည်းငယ်ဖူးသွားသယောင်။

ရှက်လွန်းတာကြောင့် ဒေါသထွက်ပေမယ့်ပြန်လဲမပြောထွက်။ စကားထွက်လာဖို့ရှာမရပဲခွေးအကြီးလှည်းနင်းသလိုတိကနဲဘဲလ်ပါးစပ်ကပိတ်သွားသည်။

ခေါင်းကြီးငုံကာ သူ့ရင်ဘတ်ကိုအတန်းတွန်းဖယ်နေသည့် သူဇနီးလေးရဲ့ချစ်စရာအပြုအမှုကြောင့် မင်ယွန်းဂီမျက်နှာတွင် အပြုံးသေးသေးလေးတစ်ခုပေါ်လာပြီးစက္ကန့်ပိုင်းမှာတင်သူပြန်ဝှက်ပစ်လိုက်သည်။

"အိမ်ပြန်မယ်"

ဘေးနားမှာဘယ်ချိန်ကရောက်နေမှန်းမသိတဲ့ကားတံခါးကိုဆွဲဖွင့်ကာ မင်ယွန်းဂီကဆိုလာတော့ ဘာပြောရမှန်းမသိဘာလုပ်ရမှန်းမသိတာမို့ ခေါင်းကိုမြေကြီးထဲ၀င်အောင်ငုံကာ ကားထဲကိုသာ၀င်လိုက်သည်။

ပထမဆုံးပြန်ရတဲ့ ရန်ခုန်ခြင်းပဲ။ ရှက်စရာကောင်းပေမယ့် အနမ်းလေးတစ်ခုက ဘဲလ် စိတ်ထဲကို အေးချမ်းသွားစေသည်။

နူးညံ့သည်။ အနည်းငယ်အားပါပေမယ့်ထိုအနမ်းတွေကြားထဲမှာ အချစ်တချို့နဲ့ နူးနူးညံ့ညံ့အရာတွေကိုခံစားမိလိုက်သည်။ စကားလုံးတွေမလိုပါပဲ သူမကို relaxပြန်ဖြစ်စေခဲ့သည်။

ကားရေဒီယိုက လွင့်နေသော သီချင်းက သူတို့နှစ်ယောက်ရဲ့အခိုက်အတန့်ကို ရုပ်ရှင်ဇာတ်၀င်ခန်းတစ်ခုလိုဖြစ်စေသည်။

နှုတ်မဆက်နိုင်တဲ့ကောင်မလေး~

လမ်းမခွဲနိုင်တဲ့ကောင်လေး~~

အချစ်ဆိုတာသူတို့ကြားမှာမရှိတော့ဘူးလေ

~ဒါကြောင့်မို့ no no no no no no~

[Listen to the song on cover]

အကြီးအကျယ်ဖြစ်တော့မည်ဟုမျှော်မှန်းထားသော ရန်ပွဲတစ်ခုသည်သေချာဖြေရှင်းချက်မရှိပဲ အနမ်းတစ်ခုနဲ့ပြီးဆုံးသွားသည်။တခါတလေတော့ဒီလိုပဲဘ၀က ရယ်စရာကောင်းလွန်းပါသည်။

Handle The Fragile Between Us | MYGWhere stories live. Discover now