3. we can't breakaway... we've to hold on

Start from the beginning
                                        

ခါးခါးသီးသီးငြင်းနေတဲ့ သူ့ကို နားမလည်စွာကြည့်လိုက်မိသည်။ ဘာလို့လဲ
အရမ်းစိတ်ကုန်သလိုငြီးငွေ့သလိုဖြစ်နေတဲ့လူကသူမှတ်လား ဒီစကားကြာတာနဲ့အရမ်းပျော်ပြီးချက်ချင်းပင်ကွာရှင်းပေလိမ့်မယ်ဟုထင်ထားတာ။

"ဘာလို့မလုပ်နိုင်ရတာလဲကျွန်မဆီက ရှင်လွတ်လပ်သွားမှာမဟုတ်လား ဟမ်"

"တော်စမ်းပါ အိမ်ပြန်မယ်"

"လက်ကိုလွတ်! အိမ်ကိုမပြန်နိုင်ပါဘူး အေးအေးဆေးဆေးအိမ်ပြန်နိုင်စရာလား
ဟမ်! အဲ့လောက်တောင်လွယ်နေလား"

"မင်းမရှက်ပေမယ့် ငါရှက်လာပြီ
တော်တော့နော်!!"

သူကဒေါသတကြီးအော်ကာ မေးရိုးတွေတင်းနေအောင်အံကြိတ်ထားပြီးတစ်ခုခုမလုပ်မိအောင်ထိန်းနေသည့်ပုံစံ။ သူမမှာလဲဒေါသဆိုတာရှိသည်။ တခါလောက်တော့ နဂါးမှန်းသိအောင်အမောက်ထောင်ပြမှတော်ကာကျပေမည်။

"မတော်တော့ရောဘာ- အု"

မျက်နှာကိုလက်နှစ်ဖက်နဲ့ဆတ်ကနဲဆွဲယူကာ သူမစကားလုံးတွေက သူ့နှုတ်ခမ်းနုနုကြားမှာပျောက်ကွယ်သွားသည်။

လက်ပင်မကိုင်ခဲ့တာ လနဲ့ချီပြီမို့လို့ ရုတ်တရက်လက်ခံရရှိလိုက်‌သောအနမ်းမှာ
ခြေထောက်ပင်မခိုင်ချင်။

ပြူးကျယ်နေသောသူမမျက်လုံးတွေကို
တချက်စိုက်ကြည့်ပြီး နှုတ်ခမ်းနှစ်ခုခွာရုံလေးခွာကာ

"တိတ်တိတ်နေတော့ နားငြီးတယ်"

ထို့နောက် သူ့နှုတ်ခမ်းကဗြုန်းကနဲပြန်ထိကပ်လာပြန်ကာ ခေါင်းအနည်းငယ်စောင်း၍
သူမ မျက်နှာကိုပိုဆွဲယူကာ အနမ်းတွေကို
ပိုနက်ရှိုင်းစေသည်။

ခုနက လမ်းမပေါ်မှာ အော်ဟစ်နေတုန်းက အကောင်း နမ်းခံလိုက်ရတဲ့အခါ ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့သူတွေများလာတာကြောင့် ရှက်ကာ အငွေ့ပြန်ချင်စိတ်အတိ။ ရန်ဖြစ်တာကိုရှက်ပြီးနမ်းတာကိုကျမရှက်ဘူးလား ဆိုကာ မင်ယွန်းဂီကိုအော်မေးလိုက်ချင်ပါသည်။

ဒါပေမယ့်သူမ ခန္ဓာကိုယ်က သူမကိုသစ္စာဖောက်ကာ ထိုအနမ်းတွေကိုပြန်လည်တုန့်ပြန်နေသည်တဲ့။ ရူးကြောင်ကြောင်နိုင်လိုက်တာ။

Handle The Fragile Between Us | MYGWhere stories live. Discover now