ခံရခက်တဲ့ခံစားချက်ကြီးနဲ့အတူဒေါသနဲ့၀မ်းနည်းမှုတွေရောထွေးလာကာ နှုတ်ခမ်းကိုဒေါသဖြင့်ဖိကိုက်ရင်းလက်သီးကျစ်နေအောင်ဆုပ်လိုက်မိသည်။
သူတို့နှစ်ယောက်ရဲ့သာယာစရာ အခိုက်အတန့်လေးကိုဖျက်စီးချင်စိတ်မရှိ၍သူမပဲဒီနေရာက အဝေးဆုံးထွက်သွားရန်ဆုံးဖြတ်လိုက်သည်။
တံခါးပြန်တွန်းပွင့်ကာထွက်သွားတဲ့ သူမကိုကြည့်နေတဲ့ waiterကိုလဲ
ဂရုမစိုက်အားခဲ့ပါ။
ဘယ်တော့မှထိန်းမရနိုင်တဲ့ သောက်ချီးမျက်ရည်တွေက ထပ်ကျလာပြန်ပြီ။ အဲ့လောက်ပျော့ညံ့နေမှဖြစ်မှာလား။ဘယ်လောက်ပဲခံစားခဲ့ရရခံနိုင်ရည်မရှိသေးဘူးလား။
ရုတ်တရက်လက်တဖက်ကိုတင်းကနဲ
ဆောင့်ဆွဲခံရတာကြောင့် မျက်ရည်တွေနဲ့သူမ လှည့်ကြည့်လိုက်သည်။
အလိုမကျတဲ့မျက်၀န်းကျဥ်းကျဥ်းတစ်စုံနဲ့ထိပ်တိုက်ဆုံသည်။
"ဘာလို့ထွက်သွားတာလဲ"
မြိုသိပ်ထားရတဲ့ဒေါသတွေရော ၀မ်းနည်းခြင်းတွေရော ပေါက်ကွဲထွက်လာကာ လမ်းလည်ကောင်မှာဆိုတာ ဂရုမစိုက်တော့။
"ရှင်တို့သာယာနေတဲ့အချိန်လေးကိုမဖျက်ဆီးချင်လို့ပေါ့! သွားပါ ကျမကို
ေ-ာက်ဂရုစိုက်စရာမလိုဘူး!"
"ကျစ် ဟယ်သာဘဲလ်! ဒါအလုပ်ကိစ္စသပ်သပ်ပဲ ငါအားအားယားယားသွားနေတာ မဟုတ်ဘူး"
"အော် အလုပ်ကိစ္စ ဘာလဲ ကဖီးမှာခပ်လှလှကောင်မလေးနဲ့ဒိတ်တာလား?"
"တောက်ခ်! လမ်းလည်ကောင်ကြီးမှာကွာ
မင်းကတဖြေးဖြေးစိတ်ပျက်ဖို့ကောင်းလာပြီ သိရဲ့လား"
စိတ်ပျက်ဖို့ကောင်းတယ်တဲ့လား ။ ဟားတိုက်ရီချချင်လိုက်တာ သူအမြဲတမ်းတွေးနေခဲ့တာ ဘဲလ်က စိတ်ပျက်ဖို့ကောင်းတယ်လို့ပေါ့။ စိတ်ကုန်တာထက်တောင်ပိုနေပြီပဲ။
"ဟုတ်မှာပါ ကျွန်မကစိတ်ပျက်စရာ ကောင်းလိမ့်မယ် အဲ့တော့ ဒီထက်စိတ်ပျက်စရာမကောင်းတော့အောင်
ကွာရှင်းကြတာပေါ့"
"ဘာတွေပြောနေတာလဲ! ဘာလို့ကွာရှင်း
ရမှာလဲ မလုပ်နိုင်ပါဘူး"
BINABASA MO ANG
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...
3. we can't breakaway... we've to hold on
Magsimula sa umpisa
