အဲ့ဒီ့...အဲ့ဒီယွန်းဂီက လေထဲမှာ လွင့်ပြယ်သွားခဲ့ပြီလား။
အရူးလိုဒီနေ့လဲတစ်ယောက်ထဲပဲ အိမ်ကြီးရဲ့တနေရာမှာ အတော်မသတ်နိုင်တဲ့နာကျင်ခြင်းတွေနဲ့ မျက်ရည်တွေကိုဆုပ်ကိုင်ရင်း။
ချစ်ခဲ့ကြပေမယ့် အရင်းနှီးဆုံးလူတွေကပဲ
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအစိတ်စိတ်အမြွာမြွာခွဲချေပစ်ခဲ့တာလေ။
တခါလောက်ပဲသူမတို့ရဲ့ဆက်ဆံရေးကိုပြင်ပြုပြင်ခွင့်ရဖို့ ဆုတောင်းမိသည်။
___________________
နာရီ၀က်ကျော်လောက်တွေးတွေးငိုအပြီးမှာ စိတ်ထွက်ပေါက်ရအောင် နီးရာ cafe ဆိုင်လေးတဆိုင်ကို ထွက်လာလိုက်သည်။
မှန်ချပ်တွေနဲ့အဖြူရောင် vintage ပုံစံ
Wind riseဆိုတဲ့ ဆိုင်လေးရဲ့ တံခါးကို အသာတွန်းဖွင့်ရင်း၀င်လာခဲ့သည်။
မျက်လုံးက ချက်ချင်းဆိုသလိုပဲ ဒေါင့်
ကျကျဝိုင်းတဝိုင်းကိုအကြည့်ရောက်သွားတော့ ခြေလှမ်းတွေတုန့်ကနဲ။
ကိုင်လာတဲ့ ပိုက်ဆံအိတ်ပြုတ်ကျမသွားအောင်ချက်ချင်းထိန်းလိုက်ရသည်။
သူ...မင်ယွန်းဂီ ခါးလောက်ရှိတဲ့အဖြူရောင်ဆံနွယ်ရှည်ကြီးကို ခရမ်းရောင် highlightဖောက်ထားတဲ့ လှပလွန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ ထိုင်ပြီးစကားပြောနေတာ။
ကြိုးတလုံးအကျ-နဲ့ဂျင်းဘောင်းဘီတိုတိုလေးကြောင့်ဖွေးဥပြီးချောမွှေ့နေတဲ့ အသားအရည်ကိုနေရောင်အောက်မှာ ယုံကြည်ချက်ရှိရှိ လစ်ဟာပြထားသည်။ သွယ်လျနေတဲ့သူမပေါင်တံလေးတွေက အမာရွတ်တချို့နဲ့ တဖြောင့်ထဲရှိနေတဲ့ ဘဲလ်ပေါင်တံတွေထက် မင်ယွန်းဂီကိုမျက်စိထဲပိုအေးစေမလား။
ရယ်လိုက်တိုင်းလှုပ်ခါသွားသည်လိပ်ပြာပုံနားဆွဲလေးနဲ့ နှုတ်ခမ်းလှလှ မျက်၀န်းလှလှကောင်မလေးသည် မိန်းကလေးချင်းတောင်
ငေးရလောက်အောင်လှပမှုအပြည့်နဲ့။
ဘဲလ်ခင်ပွန်းကလဲသူမနဲ့လိုက်ဖက်စွာ သိပ်ကိုချောလွန်းတဲ့ အမျိုးသားတစ်ယောက်မဟုတ်လား။
Ice americano တခွက်ကိုကိုင်ရင်း ခပ်ဖွဖွပြုံးကာ သူမကိုငေးမောကြည့်ရင်း စကားပြောနေတဲ့ ယွန်းဂီကို ဘဲလ်ခံရခက်စွာကြည့်လိုက်မိသည်။ ထိုကောင်မလေးကြောင့်လောကကြီးကိုမေ့နေပြီထင်ပါရဲ့။
YOU ARE READING
Handle The Fragile Between Us | MYG
Fanfiction"ကွာရှင်းရအောင်" "ငါပြောပြီသား မလုပ်နိုင်ဘူးလို့" "မင်ယွန်းဂီ ! ကျေးဇူးပြုပြီး ! ကျေးဇူးပြုပြီးဒီဆက်ဆံရေးကြီးကိုလက်လွတ်လိုက်ပါတော့" အမှတ်တရတွေအဆိပ်ဖြစ်လာတဲ့အခါ... ၀န်ရိုးစွန်းတစ်ဖက်ဆီကနေ ကွဲကြေလွယ်လွန်းတဲ့ ဆက်ဆံရေးတစ်ခုကိုခက်ခက်ခဲခဲ ကိုင်ထိန်းနေရင်...
3. we can't breakaway... we've to hold on
Start from the beginning
