3. we can't breakaway... we've to hold on

Start from the beginning
                                        

အခန်းထဲက နေ အ၀တ်အစားလဲကာထွက်လာသော သူ့ကို ကောင်းကောင်းပြန်မဖြေမှန်းသိပေမယ့်အမှတ်မရှိစွာမေးလိုက်မိသည်။

"ဘယ်သွားမလို့လဲ"

"ဘယ်ပဲသွားသွားပေါ့"

ပြန်ရလိုက်သည့်အဖြေက ရင်၀ကိုစောင့်ကန်လိုက်သလို။ အမှတ်မရှိတဲ့သူမကသာ အမှားပါလေ။

"ပြန်မလာလဲ အဆင်ပြေတာမို့လို့သွား
ချင်တဲ့နေရာသာသွား"

ခပ်ဆတ်ဆတ် အော်လိုက်ကာ ရေခဲသေတ္တာထဲက နွားနို့ဘူးကို ထုတ်ပြီး တခွက်အပြည့်ထည့်ကာ မော့ချပစ်လိုက်သည်။

ပူလောင်နေတဲ့ရင်ဘတ်ကိုခနလောက်ဖြစ်ဖြစ် အေးချမ်းသွားစေချင်လို့ပါ။

_______________

စားပွဲပေါ်မှာမှောက်အိပ်ရင်း ခပ်ဆွေးဆွေးခံစားချက်ကြီးကြောင့် ရင်ထဲနေလို့
မကောင်း။ သူတခြားကောင်မလေးတစ်ယောက်နဲ့ ‌ပြုံးရယ်နေမှာကို တွေးကြည့်မိတော့ ရင်ထဲကဆစ်ကနဲနာလာပြန်သည်။

နင်အရူးပဲ ဟယ်သာဘဲလ်ရယ် တွယ်ကပ်နေလဲ မထူးတော့တဲ့ ပြိုကွဲနေတဲ့ ဆက်ဆံရေးကြီးကို ပြန်နွေးထွေးချင်ခဲ့သေးတာလား။ အရူးလိုမျိုးနင့်ဘက်ကနေထပ်ပြီးတွယ်ကပ်နေချင်သေးလို့လား။

ကျဆင်းလာတဲ့မျက်ရည်စတွေကို စီးရာလမ်းကြောင်းအတိုင်းမတားမမြစ်စီးဆင်းစေခဲ့လိုက်သည်။

ဘယ်လောက်ပဲမုန်းပါတယ်ပြောပြောပေါ့။
နှစ်ပေါင်းများစွာအမှတ်တရတွေက လပိုင်းလောက်နဲ့ပျောက်ကွယ်သွားမယ့် အပေါစားမှတ်ဉာဏ်တွေမှမဟုတ်တာ။

အဆင်မပြေဘူး။

တခါလောက် အရင်က ဘဲလ်ရဲ့ယွန်းဂီကိုပြန်ပေးလို့မရဘူးလား။

ဘာလုပ်လုပ်အမြဲတမ်းပြုံးပြုံးလေးထိုင်ကြည့်နေတဲ့ယွန်းကို။

ဘယ်မိန်းကလေးကိုမှမျက်လုံးနဲ့ဝေ့မကြည့်ပါဖူးလို့ကတိတွေအထပ်ထပ်ပေးခဲ့တဲ့ယွန်းကို။

နီးနီးကပ်ကပ်ရှိနေတက်ပြီးဘဲလ်လက်ကလေးကိုဆုပ်ကိုင်ထားရင်း အလှဆုံးပြုံးနေတက်တဲ့ယွန်းကို။

Handle The Fragile Between Us | MYGWhere stories live. Discover now