3. we can't breakaway... we've to hold on

Start from the beginning
                                        

ခုနကtoasterထဲကထွက်လာသည့် မီးကင်ပြီးသာပါမုန့်ပေါ်မှာ ham ကိုတင် ကြက်ဥကြော်တင် ခရမ်းချဉ်သီးပါးပါးလေးလှီးပြီးတင် ကာ နောက်ဆုံးအနေနဲ့ ဆလတ်ရွက်အုပ်ပြီး အပေါ်က ပါမုန့်တချက်ထပ်အုပ်ကာ ကြိဂံပုံစံလေးလှီးလိုက်သည်။

ပန်းကန်ထဲထည့်ပြီးmayonnaise အပေါ်ကဆမ်းကာ သူ့ဘေးနားချပေးလိုက်သည် သူမကိုမော့ကြည့်လာပြီး ဘာစကားမှမပြောပဲ ပန်းကန်ကို သူနားဆွဲယူသွားသည်။

သူမလဲ မျက်နှာခြင်းဆိုင်ကခုံကိုဆွဲယူကာထိုင်ပြီး ကိုယ့်sandwichကိုယ်စားနေလိုက်သည်။ တိတ်ဆိတ် ငြိမ်သက်နေသော ထမင်းစားပွဲကခြောက်ကပ်လွန်းနေသည်။

မျက်နှာချင်းဆိုင်ထိုင်နေကြပေမယ့်
၀န်ရိုးစွန်းနှစ်ဖက်မှာနေကြသလို သူတို့သည်တဖြေးဖြေးဝေးကွာလျှက် အရင်ကအမှတ်တရတွေလွမ်းခြုံနေတဲ့ စားပွဲလေးပေါ်မှာ ပြန်မချစ်နိုင်တော့တဲ့စိတ်
ဝိညာဉ်တွေနဲ့။

ဒီလိုအခြေအနေကြီးကို လစ်လျှူရှုထားရတဲ့သူမအနေနဲ့ သိပ်သက်သက်သာသာမရှိလှ။ မျက်ရည်မကျအောင်ထိန်းရင်း စားစရာရှိတာသာ စားနေလိုက်သည်။

ရုတ်တရက် ယွန်းဂီဖုန်းက မြည်လာတော့ ဘောင်းဘီအိပ်ကပ်ထဲမှထုတ်ကာသူကိုင်လိုက်သည်။

အစကတော့ ပုံမှန်မျက်နှာပေမယ့် သိပ်မကြာခင်မှာ ‌သူမျက်နှာပေါ်အပြုံးတွေပြည့်လာသည်။ အရင်က ဘဲလ်တစ်ယောက်ထဲသာ ပြုလုပ်ခဲ့ဖူးသော သွားသေးသေးလေးတွေပေါ်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် gummy smile သည်လဲ သူမျက်နှာပေါ်နေရာယူထားလျှက်။

"အင်းluraသဘောကျရင် ကျွန်တော်ကပျော်တာပေါ့"

"ရပါတယ်အဲ့လောက်ထိမလိုပါဘူးနော် luraကိုကူညီရတာ ကျွန်တော်ကံကောင်းတာပါ"

"အာ ဟုတ်ပါပြီ ကျွန်တော်လာခဲ့ပါ့မယ်"

ဖုန်းချကာ စားလက်စ sandwichကို ထားခဲ့ရင်း စားပွဲဝိုင်းက ထထွက်သွားသောသူကိုတွေတွေကြီးငေးကြည့်နေမိသည်။

တရား၀င်အရ သာဆိုင်ပေမယ့် ဒီထက်ပိုပြီးမပိုင်တော့သလိုခံစားရသည်။ အရာရာကသူ့သဘော သူလုပ်ပိုင်ခွင့်ကြီးပဲပေမယ့် နည်းနည်းလေးတောင်သူမကိုအရေးတယူ
မရှိတော့။ ဇနီးတစ်ယောက်လိုတောင် သက်မှတ်ပါသေးရဲ့လား။

Handle The Fragile Between Us | MYGWhere stories live. Discover now