"ဟင့် လုပ်မယ်လို့ နော် နော် နော်~လို့ နော်"

"မွ မွ မွ"

ဘတ်ဟျွန်းဟာ သူလိုချင်တာရအောင်လို့ ချန်းယောလ်ပါးကို တစ်မွမွနဲ့ နမ်းနေတယ်။အခုထိ သူ့ကိုလှည့်မကြည့်လာသေးတဲ့ ချန်းယောလ်ကြောင့် ဘတ်ဟျွန်းတစ်ကယ်စိတ်ဆိုးနေပြီ

ဘတ်ဟျွန်း ခွထိုင်နေရာကနေ ထလိုက်ပြိး ချန်းယောလ်ကို နှုတ်ခမ်းဆူလို့ ပေစောင်းစောင်းကြည့်လိုက်တယ်။

ချန်းယောလ်က ဖတ်လက်စ စာအုပ်ကိုကောက်ကိုင်ရင်း တစ်ဖက်သို့လှည့်သွားတယ်။ဘတ်ဟျွန်းခြေစောင့်ရင်း ချန်းယောလ်အနားကနေ ထွက်သွားခဲ့တယ်။

တစ်ယောက်ထဲသာကျန်ခဲ့တော့တဲ့ အခန်းထဲမှာ ချန်းယောလ်က ရေချိုးခန်းထဲအလျင်မြန်ပြေးဝင်သွားတော့တယ်။

ဘတ်ဟျွန်းတစ်ကယ် စိတ်ဆိုးလွန်းလို့။ချန်းယောလ်က သူ့ကိုအရေးလည်းမစိုက်ဘူး။သူနမ်းတာတောင် ပြန်မနမ်းဘူး။
ဘတ်ဟျွန်း ချန်းယောလ်ကိုစိတ်အကြီးကြီးဆိုးနေပြီ
တော်ပြီ။သူ့ကလေးတွေအနားပဲ သွားတော့မယ်။
ညရောက်မှ ဟိုလာကိုင် ဒီလာကိုင်လုပ်ကြည့် ကိုက်ဆွဲပြစ်မယ်။ဟွန့်!

ဘတ်ဟျွန်းတစ်သက်မှတ်တည်းကြိမ်းရင်း ကလေးတွေအနားသွားလိုက်တယ်။အိမ်တော်ထိန်းလက်ထဲမှာ ကလေးတွေက ကောင်းကောင်းမွန်မွန်ရှိနေတယ်

"မူကျူးလေးတို့ရေ လာပါအုန်း ပါးပါးဆီ"

ဘတ်ဟျွန်းခေါ်ဆိုမှုကြောင့် လမ်းလျှောက်တတ်ကာစ အရွယ် ကလေး၂ယောက်က ဘတ်ဟျွန်းဆီအပြိုင်အဆိုင်လာကြတော့တယ်။

ဘတ်ဟျွန်းဟာ သူ့ဆီပစ်ဝင်လာတဲ့ ကလေး၂လုံးကို လှမ်းဖက်လိုက်ပြီး ပါးတစ်ဖက်ဆီကို မွှေားကြူလိုက်တယ်။ပေါင်ဒါခပ်သင်းသင်းနှင်း နူးနူးညံ့ညံပါးလေးတွေကို အသားလေးနမ်းရင်း ချန်းယောလ်ကိုဘတ်ဟျွန်းကမေ့ထားတယ်။

ခစ် ခစ် ခစ် ဟီး

"ဘူးးးး"

ခစ် ခစ် ခစ်

အိမ်ရှေ့ဧည့်ခန်းမှာ ရယ်မောသံတွေက သာယာစွာလွှမ်းခြုံသွားတယ်။ဘတ်ဟျွန်းနဲ့ ကလေး၂ယောက်ရဲ့ ရယ်မောသံတွေဟာ အိမ်အတွင်းပျံနှံ့လို့ပင်။ဘတ်ဟျွန်းက ချန်းယောလ်ကို စိတ်ထဲကနေ မေ့ထားပြီး ကလေးတွေနဲ့အတူ ကစားနေတယ်။

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Donde viven las historias. Descúbrelo ahora