ZAW
နေရာအနံ့က အဖြူရောင်တွေသာ ဖြန့်ကျဲလို့။
အဝေးက မြင်နေရတဲ့ ၀ိုးတိုးဝါးတားအရိပ်တွေ...။
မပီမသ အသံတွေအဆုံး။သူ၏ ဦးနှောက်တွင် ဗလာကျင်း
နေလေ၏။နှာဖျားဝတွင် သူတစ်စိုက်မက်မက်ရှုရှိုက်မိသော
မွှေးပျံလွန်းသာ ပန်းရနံ့။
သူ၏ အမြင်အာရုံတို့သည် အဖြူရောင်တွေနှင့်သာ
ပြည့်နှံ့နေလေသည်။သူ၏ အနားသို့ တိုးကပ်လာသာ ပုံရိပ်အချို့အပါအ၀င်
ခုနက ကြားနေရသော အသံတွေဟာ အနည်းငယ်ကျယ်
လောင်လာလေသည်။"သူ့ကို တစ်ကယ်ပဲ ကယ်လို့မရတော့ဘူးလား"
သူ့ရှေ့ပုံရိပ်...။
ကောင်လေးတစ်ယောက်ဟာ ဖြူဖက်သဖွယ်ရှိနေသော
ကောင်လေးတစ်ယောက်ကို ပွေ့ဖက်ထားရင်း မျက်ရည်များ
ကြားထဲက အရှေ့က အဘိုးအိုကိုမေးတယ်။ဘေးနားတွင် အဆုံးမရှိသော မျက်စတစ်ဆုံး ကျယ်ပြန့်ကာ
ကြီးမားသော ပင်လယ်ပြာကြီးရှိလေသည်။
ကောင်လေးအမေးကြောင့် အရှေ့ကရပ်နေသော အဘိုးအိုကသက်ပြင်းချလျက် ဖြေလေတယ်။"သူ သေသွားပြီလေ"
"ဟင့်အင်း ကျွန်တော်မှားတာ ကျွန်တော်...."
ပြောရင်း တိတ်သွားသော ကောင်လေးအပါအ၀င် သူ၏
ရင်ဘက်ထဲမှ တင်းကျပ်နာကျင်မှုကလည်း ခံစားရလေပြန်သည်။"မင်းနောင်တ ရနေပြီလား"
အဘိုးအို၏ ခပ်တိုးတိုးအမေးစကားသံ။
ကောင်လေးက သူ၏ရင်ခွင်ထဲတွင် လှဲလောင်းနေသော
ကောင်လေးအားကြည့်ရင်း ခေါင်းတစ်ဆက်ဆက်ညိတ်ပြလျက် ဖြေသည်။"အင်း ကျွန်တော် နောင်တရတယ်။"
"ပြန်လည်ပြင်ဆင်ဖို့အတွက် မင်းလိုချင်လား"
ထိုအမေးစကားကြောင့် ရင်ခွင်ထဲက ကောင်လေးအား တမေ့တမော ငေးနေသော ကောင်လေးက မော့ကြည့်လာပြီး မျှော်လင့်ချက်ကြီးမားလေသော အကြီးတို့ဖြင့်ကြည့်ကာ မေးလေသည်။
"အဲ့လိုရလားအဘိုး"
အဘိုးအိုက ပြုံးရင်း သူအားပြုလို့ရပ်ထားတဲ့ တောင်ဝှေးကို တစ်ချက်ဝေ့လိုက်တယ်။
YOU ARE READING
𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]
FanfictionThere are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story - Burmese Male Pregnancy‼️ If you don't like this type!Don't read it‼️