ZAW
ကုတင်ပေါ်မှာလှဲလောင်းနေတဲ့ ဘတ်ဟျွန်း။
ခြေဖ၀ါးနုနုမှာ ပတ်တီးဖွေးဖွေးတို့ကနေရာယူလျက်။
အိပ်စက်အနားယူနေသော ဘတ်ဟျွန်းအနားတွင်
ရုပ်တည်ကြီးနှင့် လက်ပိုက်ထိုင်နေသာ ချန်းယောလ်ရှိသည်။ဘတ်ဟျွန်းကို စမ်းနေသော ရိရှင်းက ကျောက်ရုပ်ကြီးသဖွယ် ချန်းယောလ်ကိုကြည့်ပြီး ဒေါသထွက်လာတယ်။
"ပတ်ချန်းယောလ် ဒါဘယ်လောက် အန္တာရယ်များလဲ မင်းသိလား လှေကားပေါ်က ပြုတ်ကျတာကွ ကိုယ်ဝန်ဆောင်တစ်ယောက်က။ဒါ မင်းယောကျာ်းနော် သွေးအေးမနေနဲ့။ခြေထောက်ကလည်း ဒဏ်ရာတွေနဲ့ မင်းကွာ။တော်သေးတာပေါ့ ဗိုက်က ၂လကျော်ပဲရှိပေးလို့ လှေကားကလည်း သိပ်မမြင့်သေးလို့။
စိတ်ထိခိုက်လို့ မရပါဘူးလို့ မင်းကိုဟိုတစ်ခေါက် မပြောဘူးလား ။ငါဆေးပေးခဲ့တယ်။ကိုယ်ဝန်ကတော့ ဘာမှမဖြစ်သွားပါဘူး။ညကြရင် ဒဏ်ရာကြောင့် အဖျားတက်ရင်တက်လိမ့်မယ် ဆေးပေးခဲ့တယ် ကြားလားဟိတ်ကောင်"ရိရှင်းက ပိတ်ဟောက်တယ်။မသုန်မှုန်နဲ့မျက်နှာတစ်ချက်မပျက် ရုပ်တည်ကြီးနဲ့ ကြည့်နေဆဲ ချန်းယောလ်ကြောင့် ဒေါသတွေပိုထွက်ရတယ်။အတန်တန်မှာထားပါရဲ့နဲ့တောင် အခုတော့ လှေကားပေါ်ကပါ ပြုတ်ကြသည်တဲ့။လနုသေးလို့ သိပ်တော့မစိုးရိမ်ရပေမယ့် နောက်ပိုင်းကျရင် ဒီထက်ပိုဂရုစိုက်ရမည်။
ယောကျာ်းလေးကိုယ်ဝန်ဆောင်တစ်ယောက်ကို ပထမဆုံး တာဝန်ယူရတာမို့ ရိရှင်း သူ့လူနာကို အရမ်းဂရုစိုက်ပါသည်။
သူ့လူနာကိုထိရင် သခင်ကြီးဖြစ်နေပါစေ အော်ငေါက်ဖို့ ၀န်မလေးဘူး။သူ့လူနာလေး စိတ်ထိခိုက်တာလည်းမပြောနဲ့
ဟိုက အေးစက်စက်နဲ့ ရုပ်တည်ကြီးနှင့်နေတာ ဘယ်သူကမကြောက်ပဲ နေမလဲ။ဂရုရောစိုက်တတ်ရဲ့လားတောင် မသိပါဘူး ချန်းယောလ်လိုကောင်က။အခုလည်း ပြန်ဖြေကြားလာခြင်းမရှိ။ လှဲလောင်းနေတဲ့ ကုတင်ပေါ်က သူ့ယောကျာ်းလေးကို သားကောင်ကို အမဲဖြတ်တော့မယ့် ခြင်္သေ့ကြီးကို ၀ါးစားမတတ်ကြည့်နေသည်။
ရိရှင်း ထပ်နေရင် အသတ်တိုတော့မယ်။သူချန်းယောလ်ကို သတိပေးသလို တစ်ချက်ကြည့်ခဲ့ပြီး ဆေးအိတ်ကိုဆွဲထွက်လာခဲ့သည်။
YOU ARE READING
𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]
FanfictionThere are 7.8 billion people in the world, but I hate you all the most...Mr.Park! Zawgyi : Unicode Own Story - Burmese Male Pregnancy‼️ If you don't like this type!Don't read it‼️