အပိုင်း ၂၄

Start from the beginning
                                    

အော်ပြောသံနှင့်အတူ ဓာတ်လှေကားမှာလည်း တိုက်ဆိုင်စွာပွင့်လာချိန်ဖြစ်၍ ဒေါင်းမာန်တစ်ယောက်ပြုံးစိစိပြုလျက် အရင်ထွက်သွားခဲ့ချေပြီး။ စွယ်သော်လင်းသည်သာ လှေကားထဲဝယ်
ခုန်စွခုန်စွပြုလျက် မကျေမနပ်ကျန်ခဲ့၏။

ဒေါင်းမာန်ကားပေါ်ရောက်သည်အထိ ပြုံးနေမိ ၏။ ဘေဘီပေါက်သည် အရမ်းချစ်ဖို့ကောင်းလေသည်။ ထိုပြင့် စလို့လည်း ကောင်းသည်။

မျက်နှာထက်ကျရောက်နေသော နေရောင်တချို့ကြောင့် အိပ်နေရာမှဘေးဆီကို စမ်းကြည်လိုက်လျှင် အေးစက်နေသော နေရာလွတ်။ ထို့ကြောင့် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကဗွီးအိပ်ယာထက်မှ ထလိုက်သည်။ 9:37 am ရှိသည်ဖြစ်၍ ကိုကိုအလုပ်သွားပြီးထင်။ ကုတင်ထက်မှ ဆင်းလိုက်ပြီး အဝတ်တို့ကိုပုံချွတ်ချလိုက်၍ ရေချိုးခန်းထဲ ဝင်လိုက်သည်။

စွယ်သော်လင်းအနီးနားရှိ mini store ရောက်လျှင် ကြက်ဥ ၄ လုံးပါ ဗူးသေး ၂ ဗူး နှင့် အကြိုက်သရေစာမုန့်များယူပြီး ငွေရှင်းကောင် တာရောက်မှ ပိုက်ဆံအိတ်ကို စမ်းရှာလိုက်သည်။

" ခဏနော်  ညီမ "

အင်္ကျီအိတ်၊ ဘောင်းဘီအိတ်တို့ကို စမ်းရှာနေချိန်

" အစ်ကိုနဲ့ပေါင်းရှင်းလိုက်လေ သော်လင်း "

" ကိုနေ့သစ် ! "

" ရပါပြီး "

ပြေစာနှင့်အတူ ကောင်တာမှ ကောင်မလေးက ဆိုလာသည်။

" မနက်စာအတွက် မလား၊ အများကြီးဝယ်ထားတာပဲ၊ အစ်ကို ကူသယ်ပေးမယ်လေ "

" ဒါဆိုလည်း တစ်ယောက်တစ်ထုပ်သယ်ကြ မယ် "

အခန်းရှေ့ပြန်ရောက်ချိန် ဘေးခန်းမှယောင်္ကျား
တစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရ၏။ ဦးဒေါင်းမာန်အခန်းမှ ထွက်လာတာပါလား။ အ သိများလား။

ကဗွီးအခန်းပြင်ထွက်လာချိန် လူနှစ်ယောက်ကိုအထုပ်ကိုယ်စီနှင့် တွေ့လိုက်ရသည်။ သေချာကြည်လိုက်လျှင် ထိုသူပါပင်။ ထို့ကြောင့် ပြုံးပြလိုက်သည်။

ပြုံးပြလာသူကို သော်လင်းမတွေ့ဖူး၍ ပြန်မပြုံးဖြစ်။ ထိုလူသည် သော်လင်းတို့ဘက်ကြည့်၍ ပြုံးပြသွားသည်မှာ အမှန်ပေ။ အမြင်မှားစရာမရှိအောင်လည်း လူသူရှင်းလင်းနေသည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now