အပိုင်း ၂၃

Start from the beginning
                                    

" ကိုယ်တို့ "

" ကိုကို "

ဒေါင်းမာန်စကားစပြောရန်ပြင်လိုက်လျှင် ကဗွီးသည် "ကိုကို" ဟုခေါ်၍ ရင်ခွင်ထဲတိုးဝင် ဖက်တွယ်လာပေသည်။ ဖက်တွယ်လာသူကြောင့် ဒေါင်းမာန်ပြောလိုသော စကားတို့ရပ်သွားရ၏။

" ဘာဖြစ်တာလဲ ကဗွီး "

" ဘာမှမမေးပါနဲ့လား။ ကဗွီးကိုဖက်ထားပေးပါ ကိုကို "

ဝမ်းနည်းသံတို့ဖြင့်တောင်းဆိုလာသူကို ဒေါင်းမာန် အသာပြန်ဖက်ထားပေးလိုက်သည်။ ဝမ်း နည်းနေသူကို လမ်းခွဲစကားဆိုရန်မှာ မဖြစ်နိုင်။
သင့်တော်ချိန်မှပြောရန် ထားလိုက်ရတော့၏။

ကဗွီး ကိုကိုခါးကိုတင်းကျပ်စွာ ဖက်ထားလိုက်သည်။ ကိုကိုသည် ကဗွီးအပိုင်ဖြစ်ကိုဖြစ်ရမယ်ဟုလည်း တစ်ကိုယ်ကောင်းဆန်စွာ အတွေး၌ ကြုံးဝါး​နေမိ၏။

ဖက်တွယ်၍ဝမ်းနည်းနေသူသည် ခဏအကြာတွင် ပခုံးထက်၌ပင်မှီတွယ်ထားလျက် အိပ်ပျော်သွားလျှင် အသာပွေ့ပြီးကုတင်ထက်တင်ပေး လိုက်သည်။

ကဗွီးသည် ဒေါင်းမာန်ဆေးရုံထက် နေခဲ့ရစဥ် တစ်နည်း အတိတ်အပိုင်းစအချို့ကို မေ့သွားခဲ့သည်တိုင် အနားအတူရှိခဲ့ပေးသူလည်း ဖြစ်၏။ ထို့ကြောင့် ချစ်သူတစ်​ယောက်အ​ဖြစ် မချစ်နိုင်တော့​ပေမယ့်လည်း ညီလေးတစ်ယောက်ကဲ့သို့ သံယောဇဥ်ရှိမိသည်။

အိပ်စက်ရန်ပုံမှန်အတိုင်း အဝတ်စားများချွတ်၍
ကုတင်ထက်တတ်အိပ်ရန်ပြင်ပြီးမှ မတတ်ဖြစ်တော့။ ကဗွီးလွတ်လပ်စွာအိပ်စက်နိုင်ရန် အပြင်ဆိုဖာတွင်သာ အိပ်ရန်ထွက်ခဲ့လိုက်သည်။

စွယ်သော်လင်းမှာ အိပ်မပျော်နိုင်သေး။ အခြားသူတွေဆို သမီးရည်းစားအချင်းချင်း ဖုန်းခေါ်ရသည်နှင့်၊ စာပို့ရနှင့် အမျိုးမျိုးရှိတတ်ကြပေ၏။ သို့သော် ဦးဒေါင်းမာန်ကြီးသည်မူ မနက် morning ၊ ညလည်း Goodnight မပို့ပေ။

အလုပ်အရမ်းများနေရင်တောင်မှ Gn လောက်တော့ ပို့သင့်တယ်မလား။ အခုက အခန်းကပ်ရပ်ဖြစ်သော်လည်း တချို့နေ့များဆိုလျှင် လုံးဝမတွေ့ရ။ အလုပ်ဘယ်လောက်များများ ရှိပါလေ။ G နှင့် n ဟူသော စာလေးနှစ်လုံးကိုမူ ရိုက်ပို့သင့်တယ် မဟုတ်ပါလား။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now