အပိုင်း ၂၃ ဇာတ်သိမ်း

Start from the beginning
                                    

မမဆီကလဲ ဘာသတင်းမှ ကြားမလာခဲ့ဘဲ ဒီမှာဘဲ ဒေါ်ကြီးနဲ့ အေးအေးဆေးဆေး နေခဲ့သည်...ရွှေရုပ်က ဒီတိုင်း မနေချင်ဘူးဟု ပူဆာလွန်းလို့ စဥ်းစားရင်း နောက်ဆုံးတော့ စက်ချုပ်ဖြစ်ခဲ့သည်... တဖြေးဖြေး ချုပ်လာရင်းမှ အခုဆို အပ်တဲ့သူတွေများလွန်းလို့ ရွှေရုပ်မှာ ချုပ်တောင် မလည်တော့...

ရသမျှပိုက်ဆံကို ဒေါ်ကြီးကိုပဲ ပေးကာ ဒီမှာ နေနေရတာ ရွှေရုပ် ငြိမ်းချမ်းလှသည်...တစ်ခါတစ်လေ မမကို သတိရတာက လွဲရင်ပေါ့...ဘာသတင်းမှ မကြားပေမယ့် မမကောင်းကောင်းမွန်မွန်ရှိနေမည်ဟု​တော့ ရွှေရုပ် ယုံပါသည်...

ဒီ​နောက်တော့ ဒေါ်ကြီး မကြာခဏ တစ်ယောက်ယောက်နဲ့ ဖုန်းပြောပြောနေတာ မြင်ရတော့ အားလုံးဟာ မမရဲ့ အစီအစဥ်တွေမှန်း ရိပ်မိလာရသည်...ဒေါ်ကြီးကို ရွှေရုပ်ဆီ လွှတ်လိုက်တာ ဒီမှာ နေစေခဲ့တာ ဒါတွေရဲ့နောက်မှာ ရွှေရုပ်ဟာ မမရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေဆဲဆိုတာ သေချာသွားသည်...

အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ရွှေရုပ်ရဲ့စိတ်တွေဟာလဲ အတန်အသင့်ပျော့ပျောင်းခဲ့ပြီ... မမကိုလဲ မကြာခဏ လွမ်းမိပါသည်...တွေ့ချင်သည့်စိတ်တွေလဲ ဖြစ်ရသည်...ဒါပေမယ့် ဒီအတိုင်းလေးက အဆင်ပြေနေတယ်မဟုတ်လား...တည်ငြိမ်နေသည့် အခြေအနေတွေကို လှုပ်ခတ်အောင် ရွှေရုပ် မလုပ်ချင်တော့ပေ...

"သမီးရေ....နှင်းဆီက ဖုန်းလာတယ်..."

ဒေါ်ကြီးက ရွှေရုပ်လက်ထဲ ဖုန်းလာထည့်ပေးကာ ပြန်ထွက်သွားသည်...လက်ထဲက ဖုန်းကို အသာငုံ့ကြည့်ကာ မနှင်း ဘာကိစ္စများ ရှိသလဲ ရွှေရုပ်တွေးမိသည်...မနှင်းက ခဏခဏ ဖုန်းဆက်လေ့ မရှိပေ...

"ဟယ်လို မနှင်း..."

"နေကောင်းရဲ့လား ရွှေရုပ်..."

"ကောင်းတယ် မနှင်းရဲ့...မနှင်းရောဟင်..."

"အစ်မက ကောင်းပါတယ် ရွှေရုပ်ရဲ့...ဘယ်လိုလဲ အဲမှာနေရတာ အေးအေးဆေးဆေး ရှိရဲ့လား..."

"ရှိတာပေါ့ မနှင်းရာ...ရွှေရုပ်ဖြင့် ဒီမှာ တစ်သက်လုံး နေချင်တာ..."

"အမလေး ဒီလိုတော့ ဘယ်ဖြစ်မလဲ ငါ့ညီမရဲ့..."

"ဘာလို့မဖြစ်ရမှာလဲ မနှင်းရဲ့...ဒေါ်ကြီးက ရွှေရုပ် နေချင်သလောက် နေ ခေါ်ထားမှာလို့ ပြောထားတာ..."

ရွှေရုပ်Where stories live. Discover now