"ဆယ်ဟွန်းရေ!!!တစ်ရှုးလေးယူခဲ့ပါအုန်း"

ဆယ်ဟွန်း ခေါင်းကိုတစ်ဗျင်းဗျင်းကုတ်ရင်း ထိုင်နေရာကနေထလိုက်တယ်။အိမ်ရှေ့ခန်းမှာ ကလေး၂ယောက်နဲ့ အလုပ်ရှုပ်နေတဲ့ ၂ယောက်က ဘာကိစ္စသူ့ခဏခဏခိုင်းနေရတာလဲ။
အံဆွဲထဲက တစ်ရှုးထုတ်ကောက်ယူပြီး ဂျုံအင့်အားပေးလိုက်တယ်။

"ရော့ရော့"

ခစ် ခစ်

စိတ်မပါစွာနဲ့ ဆယ်ဟွန်း ဂျုံအင့်ဆီထိုးပေးရင်း မျက်မှောင်ကျုံ့လိုက်တယ်။ဒီမလောက်လေးမလောက်စား သူ့တစ်ကိုင်ပေါက်စာပဲရှိတဲ့ ကလေးကသူ့လာပြောင်နေသလို ခံစားရတယ်။ကြည့်ပါအုန်း ရယ်နေတာကြီးက သွားလည်းမရှိ။ရုပ်ဆိုးလိုက်တာ။

။ထိုအချိန် အရှေ့မှကားရပ်သံအား အတိုင်းသားကြားရလာလေ၏။

"အဆင်ပြေရဲ့လား "

ချန်းယောလ်က ကလေးအသုံးဆောင်တွေအား သယ်လာရင်း ရိရှင်းနဲ့ဂျုံအင်အားမေးတော့ နှစ်ယောက်စလုံး တူညီသည့်အဖြေသာ ပြန်ဖြေခဲ့ကြသည်။

"မိန်းမယူဖို့တော့ ငါအစီအစဉ်ဖျက်လိုက်ပြီ ဟင်းး"

၂ယောက်လုံးကပြိုင်တူဖြေတော့ ချန်းယောလ်ကရယ်ပါတော့တယ်။တစ်ယောင်တည်း အလုပ်ရှုပ်နေသော ဆယ်ဟွန်းကတော့ သူ့ကိုသွားမရှိပဲ ရယ်ပြနေတဲ ပိကျိလောက် ကလေးကိုသာ စိတ်ထဲရန်တွေ့နေလိုက်တယ်။







"ပါးပါးကလေးလေးရေ အူဝါးးးးဟားဟားဟား"

"ခစ် ခစ် ခစ်ဟီး"

ဘတ်ဟျွန်းက အယ်ရီလေးအားပွေ့ချီရင်းမြူတော့ အယ်ရီလေးက တစ်ခစ်ခစ်ရယ်လေ၏။သွားမပေါက်သေးတာမို့ နီနီရဲရဲသွားဖုံးလေးအား ရယ်လိုက်တိုင်း မြင်ရလေ၏။

"ပါးပါး မင်းသမီးလေးရေ"

"ခစ်ခစ်"

"ဟားဟားဟား"

ဘတ်ဟျွန်းက အယ်ရီပါးနုနုလေးနမ်းပြီးစနောက်တော့ တစ်ခစ်ခစ်ရယ်ပြန်၏။ထိုအချိန်တွင် ချန်းယောလ်က နို့ဘူး၂ဘူးကိုင်ကာ အယ်ရိုလေးကို တစ်ဖက်ကချီရင်း အခန်းထဲဝင်လာလေသည်။

"မောင်~"

"အသည်းငယ် သမီးလေးကမအိပ်သေးဘူးလား"

𝐃𝐄𝐌𝐎𝐋𝐈𝐓𝐈𝐎𝐍[COMPLETED]Dove le storie prendono vita. Scoprilo ora