အပိုင်း ၂၁

Začít od začátku
                                    

"ဟယ်လို..."

"ဟယ်လို နှင်း...အဲကို ရွှေရုပ် ရောက်လာလား..."

တစ်ဖက်က ခဏတိတ်သွားပြီးမှ နှင်းက ပြန်ဖြေလာသည်...

"အေး...ဒီမှာ ရောက်နေတယ်..."

"ငါ အခုလာခဲ့မယ်..."

ဟိုဖက်က ပြန်ဖြေတာကိုမစောင့်ဘဲ ဖုန်းကိုပစ်ချကာ သစ္စာ ခပ်မြန်မြန် ပြင်ဆင်ပြီး ထွက်လာလိုက်သည်... ခုချိန်တွင် စိတ်ထဲ၌ ရွှေရုပ်ကို ပြန်ခေါ်ဖို့က လွဲပြီး ဘာမှရှိမနေချေ...အတန်ကြာမောင်းပြီးတော့ နှင်းနေတဲ့ တိုက်ခန်းဆီ ရောက်လာသည်...

ဘဲလ်ကို ဆက်တိုက်နှိပ်လိုက်​တော့ နှင်းက တံခါး လာဖွင့်ပေးသည်...

"ရွှေရုပ်ရော..."

နှင်းကို ကျော်ဝင်ကာ အခန်းထဲ မျှော်ကြည့်တော့ ဘာကိုမှ မတွေ့ရ...မျက်လုံးက အနောက်က အိပ်ခန်းဘက် ရောက်သွားတာ ခပ်သွက်သွက် လျှောက်သွားလိုက်သည်...

"ရွှေရုပ် ရွှေရုပ်..."

တံခါးကို လှည့်ဖွင့်တော့ အထဲက ပိတ်ထားသည်...သစ္စာ မျက်နှာတင်းခနဲဖြစ်သွားကာ တံခါးကို လက်နဲ့ခပ်ဆတ်ဆတ်ပုတ်လိုက်ရင်း...

"ရွှေရုပ်...ထွက်လာခဲ့..."

"ရွှေရုပ်...ငါ ပြောနေတယ်နော်...အေးဆေး စကားပြောမယ်ထွက်လာ..."

နှင်းကတော့ စိတ်ပျက်လက်ပျက်ပုံနဲ့ ဧည့်ခန်းက ခုံမှာသာ ထိုင်နေသည်...တံခါးကို အကြမ်းပတမ်းပုတ်ကာ သစ္စာ ဆက်ခေါ်နေမိသည်...

"ရွှေရုပ်...ထွက်လာနော်...မင်း ဒီလို ပုန်းနေလို့ရမယ်မထင်နဲ့..."

ဒေါသတွေကြောင့် သစ္စာ အသက်ရှူတွေမြန်လာသည်...သူများအိမ်မှာလို့လဲ စိတ်ထဲမရှိတော့ဘဲ ရွှေရုပ်ကိုသာ အတင်းအော်ခေါ်နေမိသည်...

"ရွှေရုပ် ဟေ့..."

"ပြန်ပါတော့ မမ..."

ရှိုက်သံတွေ မသဲမကွဲနဲ့ အသံတိုးဖွဖွလေးကို ကြားလိုက်ရတော့မှ သစ္စာရဲ့ ဒေါသတကြီး အပြုအမူတွေ အားလုံး ရပ်တန့်သွားကာ...

"ဘာလို့ ပြန်ရမှာလဲ...မင်းမပါဘဲ ငါမပြန်ဘူး ရွှေရုပ်...လာပါ...ငါဘာမှားသွားတာလဲ လာပြော..."

ရွှေရုပ်Kde žijí příběhy. Začni objevovat