Part (39) Uni/Zawgyi

Start from the beginning
                                    

"မွန်း ဘယ်လိုဖြစ်သွားတာလဲ"

မေသုခက အပြေးရောက်လာကာ မွန်းရဲ့အခန်းသို့ဝင်လာရင်း အတ္တနဲ့မွန်းပုံစံကိုကြည့်၍ မွန်းရဲ့ ဘေးမှာ သူ့ရဲ့ဆေးပစ္စည်းအိတ်တွေကိုချလိုက်ပြီး ဝင်ထိုင်လိုက်သည် ။

"မေ ... မွန်းကိုကြည့်ပေး  သူ့ကိုဘာမှအဖြစ်မခံဘူးမေ !!"

မေလည်း မွန်းရဲ့မျက်လုံးတွေဖွင့်ကြည့်လိုက် နားကြပ်နှင့်စမ်းလိုက်နှင့် ပါလာတဲ့ဆေးကိရိယာတို့ဖြင့်ပေါ့။ နှဖူးကသွေးစို့ပြီးပေါက်နေသည့်ဒဏ်ရာကို အရင်ဆေးထည့်ပေးကာ ပလာစတာ ကပ်ပေးလိုက်ပြီး မေ့မျက်နှာကသိသိသာသာ ညှိုးကျသွား၍မွေ့ယာပေါ်ကနေထလိုက်ကာ မွန်းကိုသနားသလိုငဲ့ကြည့်နေမိသဖြင့်

"မေ ပြောလေ မွန်းဘာမှမဖြစ်ဘူးမလား ဟင်?  မေ ! မေ ပြောလေ မွန်းဘာဖြစ်တာလဲ မေ ငါမေးနေတယ်လေ ပြောလေ မေ!"

အတ္တသည် ဆောက်တည်ရာမရအောင် အဖြေမချင်းအတင်းမေးကာ မေ့ရဲ့ပုခုံးတွေကိုကြမ်းတမ်းစွာလှုပ်ကိုင်ရင်း အော်ပစ်လိုက်သည်။

မေသည် အရုပ်တစ်ရုပ်လို ငြိမ်နေရင်း ပုခုံးပေါ်က သူ့လက်တို့ကို ပြန်ဆုပ်ကိုင်လိုက်ကာ
"ငါပြောတော့မယ် နင်ဘာမှမလုပ်ပါဘူးလို့ ကတိပေး ဘာမှမလုပ်ရဘူး"

မေသည် စကားကိုအစချီနေသဖြင့် အတ္တက မျက်ခုံးတွေကျုံ့ကျနေကာ
"ငါ စိတ်မရှည်တတ်တာမင်းသိပါတယ်!"

"မွန်း ကိုယ်၀န် ပျက်ကျသွားပြီ!"

တစ်ခွန်းတည်းပါပဲ။ ဒီ တစ်ခွန်းတည်းနဲ့ အတ္တ မေ့ပုခုံးပေါ်က လက်တွေ ဖြုတ်ချလိုက်ကာ တစ်ဖက်သို့လှည့်သွားပြီး မျက်နှာတစ်ခုလုံးကိုလက်နှစ်ဖက်နှင့်အုပ်ပြီးပွတ်သပ်ပစ်လိုက်ရင်း ခေါင်းတွင်တွင်ရမ်းနေသည်။

သက်ပြင်းအထပ်ထပ်ချပြီး စိတ်ကိုလျော့နေပေမဲ့ အတ္တပေါက်ကွဲတော့မယ်ဆိုတာ မေကြိုသိနေပါသည်။

ဒုန်း ဗုန်း

သူ့ရှေ့က အဝတ်ဗီရိုက်ကြီးကို လက်ဖဝါးနှင့်၂ချက်လောက်ပစ်ရိုက်လိုက်ပြီး မျက်ရည်တွေဝေ့ဝဲလာရသည်။ ဒုတိယအကြိမ်မျက်ရည်ခရသည့် ဒီအချိန်
မေမေ ဆုံးတုန်းကတစ်ခါ ပထမဆုံးနဲ့နောက်ဆုံးလို့ ပြောခဲ့ပေမဲ့ အခု ရင်သွေးလေးဆုံးရှုံးရချိန်မှာလည်း ဒီလိုခံစားချက်ကြီးဟာ ဘယ်လောက်ထိခံစားရခက်လိုက်သလဲ။

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now