Part (39) Uni/Zawgyi

Start from the beginning
                                    

လူကယိုင်သွားလို့ လှေကားလက်ရန်းကိုကိုင်ထားရင်း တစ်ထစ်ချင်းဆင်းလာခဲ့တာ လှေကားထစ်တွေကိုငုံ့ကြည့်လိုက်တဲ့အခါ အောက်ထပ်ကြမ်းပြင်သို့ရောက်ဖို့ အနည်းဆုံး ၅ထစ်လောက်သာလိုတော့သည်ကို ဝါးတားတားမြင်လိုက်ရပြီး နောက်တစ်ထစ်သို့အလှမ်းမှာပဲ....

ဒုန်း....ဒုတ်...ဗုန်း....

အတ္တသည် အိမ်ထဲသို့၀င်လျှင်ဝင်လာချင်း အပြုံးများပျောက်ကွယ်သွားကာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သွေးပျက်သွားတဲ့လူတစ်ယောက်လိုဖြစ်သွား၍ ရပ်နေတဲ့ခြေလှမ်းတွေပင်မခိုင်တော့ပဲ ယိုင်ခွေသွားရသည်ကို မနည်းပြန်ထိမ်းကာ ယိုင်တိုင်တိုင်ခြေလှမ်းတို့နဲ့ လှေကားခြေရင်းမှာ ခွေခွေလေးလဲနေသည့်သူမအနားကို ထိုင်ချလိုက်ပြီး

"မွန်း! မွန်း Baby!  Baby သတိထားဦး မွန်း!!"

အတ္တလှမ်းအော်ရင်း အသက်ရှူကြပ်နေတဲ့ပုံစံနဲ့ရှိုက်နေတဲ့သူမကို ရင်မှာပိုက်ထားလိုက်သည်။

အသံကြားလို့ ဒေါ်မေတင်နဲ့သက်သက်ရောက်လာကြတော့

"ဟယ်တော်.... သမီး မွန်း ဘယ်လိုဖြစ်တာလဲ"
ဒေါ်မေတင်ခဗျာလည်းမျက်လုံးတွေပြာသွား၍ မွန်းရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်သည်။ သက်သက်က ခေါ်ထားတာရောက်မလာသေးတဲ့မေသုခကိုဖုန်းထပ်ဆက်နေသည်။

"မွန်း သတိထားပါဦး ကိုယ်ခေါ်နေတယ်လေ မွန်း ကိုယ်ခွင့်မပြုဘူးနော်!"

"ဗ ဗိုက် ဟင့် အင့် ဗိုက် အရမ်း နာတယ် အ အား အဟင့် !!"

စကားကိုတစ်လုံးချင်းအားယူပြောလာသည့်သူမက ဗိုက်ကိုနှိပ်ကာ ငိုယိုရင်း ....

အတ္တသည် သူမကို ပွေ့ယူကာ အပေါ်တက်သွားသည်။ ဒေါ်တင်လည်း အနောက်မှ ရေတစ်ခွက်ယူပြီး ပြာယာပြာယာလိုက်လာရသည်။

"ဟင့် အင့် အ....နာတယ် အား!!"

သတိလစ်သွားသလားမသိ။ အသံတိတ်သွားသဖြင့်အတ္တသူမလက်တို့ကို ပိုမိုတင်းကြပ်စွာဆုပ်ကိုင်ပြီး

"မင်းဘာမှ မဖြစ်ရဘူး Baby ကိုယ်ခွင့်မပြုနိုင်ဘူး!"

====

အတ္တလွန်အချစ် (OC) CompletedWhere stories live. Discover now