Part 43

7.6K 584 4
                                    

<Unicode>

"ကျွန်မ သားမက််လေး အဆင်ပြေရဲ့လား ဒေါက်တာ.."

ရှင်းသခင်မကြီး၏ စိုးရိမ်ပူပန်သော် အကြည့်တွေကြားမှာ ဆရာဝန်ကြီး၏ မျက်နှာက တည်တံနေလေသည်။

ထိုအခြေအနေကို စောင့်ကြည့်နေတဲ့ ပိုင်လန်ဟာလည်း ထိတ်လန့်နေလေသည်။

ထိတ်လန့်နေသည့် ပိုင်လန်အခြေအနေကို နားလည်ပုံရသည် ရှင်းသခင်မကြီးက သူသားမက််၏ လက်ဖဝါးလေးတစ်ဖက်အား ဆုပ်ကိုင်ကာ အားပေးနေလေသည်။

တစ်ချိန်လုံး တည်တံတဲ့ မျက်နှာထားနှင့် စစ်ဆေးနေသည့် ဆရာဝန်ကြီဟာ ခဏအကြာမှာတော့ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်   ပြုံးရယ်လာလေသည်။

ထို့နောက််မှာတော့....

"ဂုဏ်ယူပါတယ် သခင်မ သခင်လေး ပိုင်လန်မှာ ကိုယ်ဝန်ရှိနေပါပြီ"

ဒေါက်တာ၏ စကားအဆုံးမှာ ရှင်းသခင်မကြီးက ဝမ်းသာအားရနှင့် ပိုင်လန်အား တစ်ချက်ကြည့်ကာ သေချာထပ်မေးမြန်းလေသည်။

"အဲ့တာ တစ်ကယ်လား"

"ဟုတ်ပါတယ် သခင်မ.."

"ဆေးစစ်ချက် မမှားနိုင်ပါဘူးနော်"

"မမှားနိုင်ပါဘူး သခင်မ ၊ သခင်လေးပိုင်လန်မှာ ကိုယ်ဝန်ရှိနေတာ အသေချာပါပဲ"

"ဘယ်နှလရှိပြီလဲ သိလိုရနိုင်မလား"

"အကယ်၍ သေသေချာချာ သိချင်တယ်တို မနက်ဖြန် ဆေးရုံမှာ ဆေးစစ်ကြည့်ပေးလို့ရပါတယ် သခင်မ"

"ကောင်းပြီ ဒါဆို မနက်ဖြန် ကျွန်မတို့ ဆေးရုံသွားလိုက်ပါမယ်"

ပိုင်လန်လည်း ဒေါက်တာရဲ့ စကားကြောင့် ပျော်ရွင်သည့် ခံစားချက်ကြောင့် ရင်ဘတ်ထဲ တင်းကြပ်လာသလို ဝမ်းနည်းသလိုလို ခံစားချက်ကြောင့် မျက်ရည်အဝဲသားနှင့် မားအား အလန့်တကြား မော့ကြည့်မိလေသည်။

"မား..."

"တော်တယ် ၊ တစ်ကယ့်ကို တော်တဲ့အလုပ်ကို လုပ်ခဲ့တာပဲ မားရဲ့သားလေး.."

ရှင်းသခင်မကြီး မျက်ရည်အဝဲသားနှင့် သူ့မသားမက််လေးကြောင့် ပို၍ပင် ပြုံးရွင်လာရသည်။

Candy(U+Z)[Complete]Where stories live. Discover now