မျက်လုံးတွေပါ ပြူးကျယ်ဝိုင်းစက်သွားခဲ့ရသည်။ဂျောင်ကုဟာ သူနဲ့ပတ်သက်ရင် တကယ့်ကို လူဆိုးလေးလုံးလုံးဖြစ်သွားခဲ့ရသည်။

ထယ်ယောင်းလဲ အီတလီက သူငယ်ချင်းတွေကို စာပို့လိုက်ပီး ကိုယ့်ဟာကိုယ်လာမည်ဟု ပြောလိုက်ရသည်။

Clubထဲရောက်လာတော့ ဂျောင်ကုက ထယ်ယောင်းလက်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လာခဲ့သည်။

ထယ်ယောင်းက လွတ်လပ်ပေါ့ပါးနေသော်လည်း ဂျောင်ကုမှာတော့ Maskတွေရော ခေါင်းစွပ်အကျီရောဖြင့် ရှုပ်ယှက်ခတ်နေခဲ့ရသည်။

မောင့်ကို လွတ်လပ်စေချင်လိုက်တာ...

"Hey!! Welcome Tae "

အီတလီသားက ထယ်ယောင်းဆီ ပြေးလာပီး ဖက်နမ်းရန်ပြင်သည်။သူတို့နိုင်ငံက ယဉ်ကျေးမှုကို သိထားတဲ့ ဂျောင်ကုဟာ ထယ်ယောင်းကို အနောက်သို့ လျင်လျင်မြန်မြန်ကိုဆွဲပို့ထားလိုက်မိသည်။

"He is Mine!!"

"Okay,Sorry for my mistake"

အီတလီသားလေး eligoဟာ လက်နှစ်ဖက်မြှောက်ကာ နောက်ဆုတ်သွားခဲ့ရတယ်။ထယ်ယောင်းမှာ အားနာလွန်းသဖြင့် ခေါင်းကြီးကိုသာ ငုံ့ထားမိတော့တာ။

"ယောင်း ဝိုင်ဖြူတွေ အရက်တွေလုံးဝမသောက်ရ‌ဘူးဆိုတာသိတယ်မဟုတ်လား။မင်းနဲ့ မတည့်ဘူးနော်"

မောင်ဟာ အများကြီးဂရုစိုက်ပေးပြန်တယ်။သူတောင် G6PD ဆိုတဲ့ သာမန်မွေးရာပါရောဂါလေး‌ကိုမေ့နေပေမဲ့ မောင်ကအမြဲအမှတ်ရနေဆဲ။ထိုရောဂါက ဝိုင်နဲ့မတည့်တာထက် ထိုထဲမှာပါတဲ့ Sulphurနဲ့မတည့်တာ။

ထယ်ယောင်းသူငယ်ချင်းတွေနဲ့ ကနေတာကို ခုံပေါ်ကနေ ဝ်ိုင်သောက်ရင်း ထိုင်ကြည့်နေရတဲ့ အရသာဟာဘာနဲ့မှမတူ။

အရမ်းလှနေတဲ့ ယောင်းကို မောင်ကဖွက်ထားချင်ပေမဲ့ ယောင်းစိတ်ဆင်းရဲရမှာမျိုး ဘယ်တော့မှ မလုပ်ချင်ဘူး....

အပေါ့သွားချင်လာတာမို့ သူ ထယ်ယောင်းကို စိတ်ချလို့ ရမရ ခနကြည့်လိုက်ပီး တစ်ယောက်ထဲ Toiletကို ထွက်လာခဲ့သည်။ကိစ္စပီးတော့ လက်ဆေးနေတုန်း...

"ဟင်!အကိုလေး ဂျောင်ကု အကိုလေးမဟုတ်လား"

Wtf! မာမီ့လူယုံ Jung Hyung!!

WE CAN'T BE FRIENDS(Complete)Where stories live. Discover now