(U+Z) Chapter (47)_ ဟိုင်ကျင်းနယ်စားမင်း၏ ဆုံးမစကား

Start from the beginning
                                    


အမတ်ကြီးလီ၏သားများသည် နယ်စားမင်းကို မြင်လိုက်ရချိန် အလန့်တကြား မတ်တပ်ရပ်လိုက်မိသည်။ သူတို့က နယ်စားမင်း နှင့် အရွယ်မတိမ်းမယိမ်းဖြစ်ပေမယ့် အဆင့်အတန်းနှင့်အရည်အချင်းကွာဟမှုက ကြီးမားလှသည်။ နယ်စားမင်း အဆင့်နှင့် အမတ်ကြီး၏သားဆိုတာ အရမ်းကို ကွားခြားလှသည် မဟုတ်လား။


ဟိုင်ကျင်းနယ်စားမင်းရဲ့ အရည်အချင်းက သူတို့ကို သိမ်ငယ်စိတ်ဝင်လာစေသည်။


"အစေခံတွေ ဘယ်မှာလဲ!?"


အမတ်ကြီး၏ အမေးမဆုံးခင် သူ့အိမ်တော်က အစေခံတစ်စုက ခန်းမဆောင်ထဲကို အပြေးအလွှားဝင်လာကြသည်။


ဟိုင်ကျင်းနယ်စားမင်းက သူ့ဝမ်ဖေးရဲ့လက်ကို အသာယာပွတ်သပ်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်။


"အမတ်ကြီးရဲ့ လူတွေ ကြိုဆိုနေတဲ့ပုံစံက အတော် ရယ်စရာကောင်းတာပဲ။ အားလုံး အိမ်ပေါက်ဝမှာ ငါးတွေလို ပါးစပ်အဟောင်းသားနဲ့ ဘာမှမပြောပဲ ရပ်နေကြတယ်..... "


ဟို်င်ကျင်းနယ်စားမင်းက သူ့ ဝမ်ဖေးကို ခုံတစ်ခုတွင် နေရာချပေးပြီးမှ ဝမ်ဖေးဘေးတွင် ဝင်ထိုင်လိုက်သည်။ နယ်စားမင်း၏ သီးသန့်အစေခံက နယ်စားမင်း၏နားနားကပ်ကာ တစ်စုံတစ်ရာကို တီးတိုး လျှောက်တင်လိုက်သည်။


ဟိုင်ကျင်းနယ်စားမင်းက ခေါင်းတစ်ချက်သာ ဆတ်ပြလိုက်ပြီး ထိုင်ခုံတွင် သက်သောင့်သက်သာ ပြန်ထိုင်လိုက်သည်။ နယ်စားမင်း၏ နောက်ကျောမှ ကိုယ်ဟန်ဖြောင့်မတ်စွာ ရပ်နေသည့် အစေခံများနှင့် ကိုယ်ရံတော်များကြောင့် ခန်းမတစ်ခုလုံးက တိတ်ဆိတ်နေပြီး လေထုက သာမန်ထက် လေးလံလို့နေသည်။


"အမတ်ကြီးလီ...ဧည့်သည်ကို လက်ဖက်ရည်နဲ့တောင် ဧည့်မခံတာကတော့ ရိုင်းသွားပြီလို့ မထင်ဘူးလား။ အမတ်ကြီးက ကြင်နာတတ်တဲ့ သခင်ဖြစ်နေလို့သာပေါ့။ ဒီနယ်စားမင်းရဲ့အိမ်တော်မှာဆိုရင်တော့ တာဝန်မကျေတဲ့ အစေခံကို မထားတတ်ဘူး "

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now