"မှော်စက္ခ!!..မင်းတော်တော်လွန်နေပြီနော်..
ဘာလဲ..ငါက အခုလိုလုပ်ပေးလိုက်တာနဲ့..မင်းရဲ့လုပ်ရက်တွေကို ခွင့်လွှတ်လိုက်နိုင်ပြီလို့ ထင်နေတာလား..ဟက်..အဲ့လိုထင်နေရင်တော့ မင်းသိပ်မှားနေပြီ!!.."

ဖက်ထားတဲ့ လက်တွေကိူ အတင်းဖယ်ချတော့ အားချင်းမမျှတာ​ကြောင့် ဖက်ထားတဲ့သူဆီက လုံးဝမလွတ်မြောက်နိုင်ဖြစ်နေသည်။

လေညှင်းက သူ့အခန်းထဲရောက်နေတယ်ဆိုပြီး လူကိုသက်သက်မဲ့ အသားယူတာ။

"အင့်ဟာ!!"

ထို့နောက် ဒေါသထွက်လွန်း၍ အသားတွေ တဆတ်ဆတ်တုန်လာပြီး မျက်စိရှေ့ မြင်နေရတဲ့ သွေးကြောတွေ ထောင်ထနေသည့် လက်ကို သွားနဲ့ဖိကြိတ်ကာ ကုန်းကိုက်ပစ်လိုက်သည်။

"အ!"

သွားချွန်ချွန်ရာလေးတွေ စက္ခရဲ့လက်မှာ နေရာယူသွားပြီးနောက် သွေးတွေ စိမ့်ထွက်လို့လာသည်။သို့ပေမယ့် သူ့ရှေ့က အနွေးလုံးလေးကို မလွတ်ပေးဘဲ ပို၍ တင်းကြပ်စွာ ချုပ်နှောင်ထားလိုက်သည်။

ဒီကိုယ်လုံးသေးသေးလေးကို စက္ခဘယ်လောက်တောင် လွမ်းနေခဲ့ရလဲ။လည်တိုင်နားလေးကို နှာတံချွန်ချွန်နဲ့ ပွတ်ဆဲွဲပြီး ချိုချဥ်နံ့ကဲ့သို့ ကိုယ်သင်းနံ့လေးကို တမက်တမော ရှိုက်လိုက်တော့
ဒေါက်တာသေးသေးလေးထံမှ ငိုသံသံသေးသေးလေး ထွက်လာသည်။

"ဟင့်..အင့်"

"ခဏလေးပါ..မောင့်ကို ဒ​ီလိုလေး ခဏလောက် နေခွင့်ပြုပါ.."

"ဖယ်ပါတော့..မင်းရဲ့အထိတွေ့တွေ့ကို ငါမကြိုက်ဘူး..ဟင့်.."

အိစက်စက် ကိုယ်လုံးလေးကို မလွတ်ချင်လွတ်ချင်နဲ့ ဖက်ထားရာမှ ပြေလျော့ပေးလိုက်ရသည်။
အခွင့်ရေးသာရှိရင် သူ့ရှေ့က ကောင်လေးကို ရင်ခွင်ကျယ်ထဲ ထည့်ပြီး တယုတယထွေးပွေ့ထားချင်သည်။နဖူးပြေပြေလေးကို ချစ်ခြင်းများစွာဖြင့် အနမ်းဖွဖွလေးတွေ ခဏခဏစွန့်ကြဲချင်သည်။သို့သော် တကယ်တမ်းကျ အသေးလေးက
စက္ခကို ရွံမုန်းနေတာကြောင့် ဒီလိုစိတ်ကူးအိပ်မက်လေးတွေ လက်တွေ့ဖြစ်လာနိုင်စရာ အကြောင်းမရှိ။

စေလိုရာစေ(Completed)Where stories live. Discover now