Chapter-1

4.5K 201 8
                                    

Uni

"Boss အောက်မှာ Neoul ရောက်နေပါတယ်"

တံခါး၀ကနေ Neoul ရောက်နေကြောင်းလာပြောသောဦးလေးကြီးအား Boss အကြည့်တစ်ချက်ပို့ပြီး သည်နှင့်ထိုအကြည့်သည် Pc Screen ပေါ်သို့ပြန်လည်ရောက်သွားသည်။

"ကျွန်တော်ဘာပြောလိုက်ရမလဲ Boss"

အဖြေမပြန်လာတာကြောင့်ဦးလေးကြီးမှာမေးရပြန်သည်။

"ပြန်ခိုင်းလိုက်"

ရက်စက်သည်ဟုထင်ကောင်းထင်နိုင်သည်။
သို့ပေမယ့် Boss ထွက်မတွေ့ဘဲပြန်ခိုင်းသည်မှာဒီနေ့နဲ့ဆို 6 မြောက်နေ့ဖြစ်သည်။ထိုကောင်လေးမှာတော့လက်မလျှော့ လာမြဲလာနေစဲဖြစ်ပြီးဒီနေ့ပြန်ခိုင်းလဲနောက်နေ့လာအုံးမည်ဆိုတာ ဗေဒင်မမေးရဘဲ Boss သိသည်။ထိုကောင်လေးသိပ်ကိုဇွဲကောင်းနေသည်။

"Boss အပြင်မှာနေအရမ်း..."

*ကျစ်*

Screen ပေါ်ကိုကြည့်ရင်းပင်အတွင်းမျက်ခုံးစွန်းနှစ်ခုထိကပ်မတတ်ဖြစ်သွားချိန်တွင် ဦးလေးကြီးလဲထပ်ပြီး Neoul ဘက်ကမပြောပေးနိုင်တော့ဘဲလှည့်ထွက်လာခဲ့ရသည်။

Boss ကလဲ Boss ရက်စက်တတ်သည်မှာနှစ်ယောက်မရှိ။ Neoul ကလဲ Neoul ခေါင်းမာပြီးဂျစ်ကန်ကန်လုပ်တတ်သည်မှာနှစ်ယောက်ယောက်မရှိ။ကြားထဲကဦးလေးကြီးမှာတော့ HP ကားထဲကလိုစာပို့ပေးသည့်ဇီးကွက်လိုပင်ဖြစ်နေတော့သည်။

"ကဲ ကောင်လေးဒီနေ့လဲထုံးစံအတိုင်းပြန်ခိုင်းလိုက်တဲ့"

ဦးလေးကြီးလဲစိတ်မကောင်းစွာပြောလိုက်ရသည်။ခြောက်ရက်လုံးလုံးဇွဲရှိရှိလာပြီးခြောက်ရက်လုံးလုံး Boss ရဲ့အငြင်းကိုခံခဲ့ရတဲ့ကောင်လေး။

ဒါပုံမှန်ဖြစ်ရပ်တစ်ခုလိုတော့ဖြစ်နေပြီဖြစ်တယ်။Boss နဲ့တွေ့ရဖို့တစ်နေ့တစ်နေ့လာလာစောင့်ကြသည်ကိုတွေ့ဖူးနေသည်ကတစ်ယောက်နှစ်ယောက်မဟုတ် နေ့တိုင်းတစ်ယောက်မဟုတ်တစ်ယောက်ရှိနေတတ်သည်။ဒီကောင်းလေးသာ ဇွဲမလျှော့ဘဲနေ့တိုင်းလာလာနေသည်ဖြစ်သည်။

"ဦးလေးကြီးသိလားကျွန်တော်ဒီနေ့ ခါတိုင်းလိုတန်းပြန်မှာမဟုတ်ဘူး"

On Your Knees Neoul !Where stories live. Discover now