8

421 72 51
                                    

ခါးက အထိအတွေ့ကြောင့် လူကလန့်ထွက်လို့ အာကလည်းပြဲသွားရသည်။တကယ်ပါပဲ ရုပ်ကမှချောပါတယ်ဆို imageပျက်အောင်လုပ်ကြတယ် ဒီလူတွေကတော့....

Jeongwooက နောက်​တော့မှ ပါးစပ်ကိုအမြန်ပိတ်ပြီး လှည့်ကြည့်မိလိုက်တော့ ဟိုအိမ်နီးချင်းကောင်။ရုပ်ကိုက မချိုမချဥ် ပြီတီတီနဲ့...အမြန်တွန်းဖယ်ပစ်ပြီး တဘက်ကိုဆွဲယူထားရသေးတယ်။မဟုတ်ရင် ဘောင်းဘီဂွပြဲကြီးကြောင့် မရှိတဲ့ သောက်ရှက်တွေက ဗြန်းဗြန်းကွဲတော့မှာမလား?

"ရှီးဘား! ဘာလာရှုပ်တာတုန်း"

"တဘက်လာပေးတာ!"

ခါးကို တဘက်အဖြူရောင် တစ်ထည်တစ်ခု ပတ်ပေးလာတာကြောင့် သူက နည်းနည်းတော့ တွန့်သွားသေးတယ်။တွန့်လည်း မတတ်နိုင်ပါ၊ ရေစိုဝတ်ကြီးနဲ့ ဒီလောက်အချိန်အကြာကြီး ဒီအထဲမှာဘာလုပ်နေလဲမသိ၊ အကြာကြီးရပ်စောင့်နေတာကို ဒီကောင်စုတ်က တော်တော်နဲ့မှ ထွက်မလာဘဲ...

ကျွန်တော် သူ့ခါးက တဘက်ကိုတင်းတင်းပတ်ပစ်လာတာကြောင့် အစ်ခနဲနဲ့ ညည်းတွားနေသေးတယ်။စိုနေတဲ့ခေါင်းကလည်း မခြောက်သေးသလို ဝတ်ထားတဲ့ ကိုယ်ကြပ်ရေကူးဝတ်စုံကလည်း စိုလို့ရွဲလို့။

Harutoက Park Jeongwooကို ထိုင်ခုံပေါ်မှာ ပြန်ထိုင်အောင် တွန်းပစ်လိုက်တယ်။ထိုင်ချသွားရတဲ့ လူကောင်လေးက မျက်စောင်းတရဲရဲနဲ့ လူပဲထသတ်တော့မလိုလိုရုပ်မျိုး။

ခေါင်းတွေကို တဘက်နောက်တစ်ထည်နဲ့ သုတ်ပေးလိုက်ပြီး ဝယ်လာတဲ့ အင်္ကျီဘူးကိုပေးလိုက်တယ်။

"ဒါဘာလဲ"

ဘူးလေးမှာ ခပ်ကြီးကြီးအရွယ်အစားရှိပြီး မပေမစွန်းသေးတဲ့အတွက် ဝယ်ထားတာမကြာစေကြောင်း သိသာနေ၏။

"အင်္ကျီ!"

"မလိုပါဘူး ကျောင်းဝတ်စုံပဲ ဝတ်မှာ"

ဘုမသိဘမသိနဲ့ ဇွတ်ငြင်းနေတဲ့ သူ့ကိုကြည့်တော့ အခုထိ လော့ကာခန်းကိုတောင် ဖွင့်ကြည့်ရသေးပုံမပေါ်။Harutoက စချင်လာတာကြောင့် ပြုံးပြလိုက်ပြီး "ဒါဆိုလည်း မဝတ်နဲ့ ယူနီဖောင်းပဲသွားယူချည်"လို့ပြောလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: May 01 ⏰

Add this story to your Library to get notified about new parts!

𝗗𝗲𝗮𝗿 𝗨, 𝗠𝘆 𝗥𝗶𝘃𝗮𝗹 : 𝗛𝗝𝗪Where stories live. Discover now