3

356 76 68
                                    

ပထမနှစ်ချင်း တူကြတာမို့ အတန်း(4)ခန်းလုံးက ယူနီဖောင်းတွေလည်း တူကြတယ်။အားကစားကွင်းထဲမှာ တိုက်တိုက်ဆိုင်ဆိုင်ကြီးကို Bခန်းနဲ့လာတိုးနေတာက အခြေအနေကောင်းတစ်ရပ်တော့ မဟုတ်တာသေချာတယ်။

အမြဲ ရန်စလိုက်၊ စောင်းလိုက်ချိတ်လိုက်လုပ်နေကြတဲ့ နှစ်တန်းက အခုလို နေပူခေါင်ပြင်ကြီးထဲမှာ အတူတူ ပြေးနေရတယ်ဆိုတာက အဓိပ္ပာယ်ကို မရှိတာ။

အနီရောင်ကြမ်းပြင်ကြီး ခင်းထားတဲ့ အပြေးကွင်းကြီးက ဘဲဥပုံသဏ္ဍာန် ရှိတယ်။နောက်ပြီး စည်းအဖြူရောင်တွေလည်း စနစ်တကျတားထားတယ်။ပထမလိုင်းကနေ တတိယလိုင်းအထိက ကွင်းကြီးရဲ့အတွင်းဘက်ကနေ နေရာယူထားတယ်။ကျန်တဲ့ လိုင်းတွေကိုတော့ အပြင်ဘက်စည်းအဖြစ် သတ်မှတ်တယ်။

အတွင်းဘက်က လိုင်းပေါ်မှာ ေပြးနေကြတဲ့ (B)ခန်းတစ်သိုက်က လူတွေဟာ နည်းနည်းယုတ်ကြွယုတ်ကြွဖြစ်လာတယ်။သူတို့နောက်ကနေ ကပ်လိုက်ပြီး ပြေးလာတဲ့ (A)ခန်းက လူတွေကိုလည်း လှည့်ကြည့်နေမိကြတယ်။အတန်းကို ထိန်းသ​ိမ်းတဲ့အနေနဲ့ အတန်းခေါင်းဆောင်တွေကတော့ ကျောင်းသားအားလုံးရဲ့ နောက်ဆုံးမှာပဲ ပြေးကြရတယ်။

Harutoက သူ့အတန်းက ကလေးတွေအာရုံလွှင့်နေတာကို သတိထားမိပြီး နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်။အော်.... တခြားအတန်းရောက်နေတာပဲ။

"ေငးမနေနဲ့၊ ပြေးတာကိုပဲ အာရုံစိုက်ကြ"

သူက အသံကျယ်ကျယ်ကြီးဖြစ်အောင် တမင်အော်ပြောလိုက်တာဖြစ်တယ်။ဟိုဘက်ခန်းက လူတွေလည်း လန်းလန်းဆန်းဆန်း ဖြစ်သွားအောင် အသံနဲ့အကူအညီပေးချင်တာမျိုး။

အရှိန်ပိုမြန်ပြီး ပြေးသွားကြတဲ့ (B)ခန်းက လူတွေကြောင့် Yoon Jaehyukရဲ့ မျက်နှာက တဖြေးဖြေးပုပ်သိုးလာတယ်။မျက်နှာက လုံးဝကြီးကို မဲတူးတော့မယ့်အဆင့် ရောက်နေပြီသာဖြစ်တယ်။

"ဘာလုပ်နေတာလဲ မင်းတို့လည်း အရှိန်တင်ကြ!!"

နောက်ကနေ အော်ကြီးဟစ်ကျယ်နဲ့ ဇွတ်ပြေးခိုင်းနေတဲ့ အတန်းခေါင်းဆောင် Park Jeongwooကြောင့် အတန်းသားတွေက မျက်နှာတွေပုပ်ပွလာကြပြီ။ချွေးတွေလည်း အရမ်းထွက်စပြုနေပြီမို့

𝗗𝗲𝗮𝗿 𝗨, 𝗠𝘆 𝗥𝗶𝘃𝗮𝗹 : 𝗛𝗝𝗪Where stories live. Discover now