2

357 77 36
                                    

အထက်ကျောင်း ပထမနှစ်မှာ ကျောင်းသားအရေအတွက်နည်းတာကြောင့် လေးခန်းသာရှိတယ်။Aနဲ့Bဟာ ဇီဝတွဲယူထားတဲ့ ကျောင်းသားတွေဖြစ်တာမို့ အထူးသဖြင့် စာမေးပွဲတွင်းတွေဆို အတန်းပိုင်ဆရာအချင်းချင်းရဲ့ ယှဥ်ပြိုင်မှုက သိပ်ကိုပြင်းထန်လှတယ်။တစ်ကျောင်းလုံးရဲ့ အဆင့်တစ်က ဘယ်သူဖြစ်မလဲဆိုတာနဲ့ပက်သက်ပြီး သူတို့က ဂုဏ်ချင်းပြိုင်ချင်ကြတာဖြစ်တယ်။

Jeongwooက သူ ကောက်ထားတဲ့ စာရင်းတွေကို ဆရာမဆီပေးဖို့အတွက် ကျောင်းဆင်းတာနဲ့ ရုံးခန်းဆီကိုပဲ ထွက်လာလိုက်တယ်။

"အိုက်ဂူး ငါ့ခါး!!"

လှေကားအတက်အဆင်းလုပ်ရင်း စာရွက်တွေပြုတ်ကျသွားတာကြောင့် သူက ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ စာရင်းစာရွက်တွေကို ဟိုတစ်စ၊ ဒီတစ်စနဲ့လိုက်ကောက်နေတယ်။ကောက်နေရင်းကနေ ခါးနာလာတာကြောင့် ေအာ်ညည်းလိုက်သေးတယ်။

"ကူကောက်ပေးရမလား?"

Jeongwooက အသံလာတဲ့အဆီကို ထိုင်နေရင်းကနေ မော့ကြည့်လိုက်တယ်။ထုံးစံအတိုင်း ကျက်သရေအဖြာဖြာတုံးသော သူ။

"မလိုဘူး"

အမှန်တော့ သူ့မှာ Harutoနဲ့ပက်သက်ပြီး စိတ်ပျက်လာတာ၊စိတ်နှောက်လာတာမျိုးတွေက အခုမှမဟုတ်ဘူး။မွေးကတည်းက ရှိလာတာပင်။အိမ်ချင်းကပ်ရပ်က ခြံထဲကို သူ (4)နှစ်သား​လောက်တုန်းက မိသားစုအသစ်တစ်စု ပြောင်းလာတာကနေ စတယ်။

ကိုရီးယားလည်းမဟုတ်၊ လူမျိုးခြားတွေဖြစ်တာကြောင့် မေမေက အမြဲသွားပြီး အကူအညီပေးနေတတ်တယ်။ဘယ်ကနေ ဘယ်လိုတွေ ဖြစ်လာမှန်းမသိ၊ သူ့အမေနဲ့ Harutoရဲ့အမေဟာ အရမ်းအရမ်းကို အတိုင်းထက်လွန်အောင် ရင်းနှီးလာကြတာပဲ!

ကျောင်းအတူတူ၊ အတန်းတူတူတက်ပြီး ငယ်ငယ်က အတူကစားဖူးပေမယ့် ကြီးလာတော့ အဆင်မပြေ၊ ရောက်တဲ့နေရာတိုင်းလိုလို Jeongwooက Harutoနဲ့နှိုင်းယှဥ်ခံရတတ်တယ်။သူငယ်ချင်းတွေကြားထဲလည်း အပြောခံရစရာတွေရှိလာတယ်။အဲ့ဒီကစပြီး စိတ်က မကြည်၊ မကြည်ရာကနေ နှောက်သွားတော့တာပဲ!နောက်ပြီး ပြောဖို့မေ့နေတာ ဘယ်လောက်ထိ အဲ့ကျက်သတုန်းက မုန်းဖို့ကောင်းလဲဆို... ကျွန်တော့်crushတိုင်းနဲ့ လိုက်တွဲတတ်တယ်။အကြာကြီးလည်းမဟုတ်၊ သူ့ရုပ်ရည်ကိုအသုံးချပြီး လူတွေကိုကစားနေတာဖြစ်မှာပေါ့။ ကစားချင်းကစား၊ သူများ ကစားပါ့လား ဘာကိစ္စနဲ့ သူများကြိုက်တဲ့သူကိုမှ ရွေးပြီးလဲ?

𝗗𝗲𝗮𝗿 𝗨, 𝗠𝘆 𝗥𝗶𝘃𝗮𝗹 : 𝗛𝗝𝗪Where stories live. Discover now