သူရဲ့ ကားမောင်းနေသည့် စီရန်ယွီအား မျက်လုံးအဝိုင်းသားနဲ့ကြည့်ကာ ' ဟုတ်သား .. သူက သူတို့ထက် ပိုသန်မာတာဘဲ .. စိတ်စွမ်းအင်အကြောင်းကိုတောင် သိထားမှတော့ သူမှ ရှိလောက်တယ်မလား .. ဟုတ်တယ်မလား .. ဟုတ်လောက်တယ်...'
ကျွီ!!!
ရုတ်တရက် ရပ်သွားသည့် ကားကြောင့် ရွမ်းရီက မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည် ။
စီရန်ယွီ၏ ဖြောင့်ထင်းသည့် မျက်ခုံးများက မြင့်တက်သွားကာ ရွမ်းရီအား ဝေ့ကြည့်လိုက်သည် ။ " ဘာလဲ.. ကိုယ့်ကို သတ်ချင်လို့လား .."
ရွမ်းရီက နှာတစ်ချက်မှုတ်လိုက်ကာ နူတ်ခမ်းတွန့်လိုက်သည်။ " ဟွန့် .. အဲလောက် ဆွဲဆောင်မှု ရှိနေတာ သတ်ချင်စရာကြီးကို .. " သူက တစ်ဖက်လှည့်ကာ တီးတိုးရေရွတ်လိုက်သည် ။ သူသည် စီရန်ယွီကို သေသေချာချော ထုပ်ပိုးပြီး သိမ်းထားချင်တာ ဖြစ်သည် ။ အထူးသဖြင့် စုယန်ချုးသည် အချစ်တွေပြည့်နေသည့် မျက်ဝန်းများဖြင့် သူပိုင်ဆိုင်သည့်အရာကို ကြည့်လာသည့် အချိန်တွင်ပင် ။
ရွမ်းရီ၏ အပြုအမှု‌ကြောင့် စီရန်ယွီက ရယ်မောလိုက်ပြီး ကူကယ်ရာမဲ့ကာ ခေါင်းယမ်းလိုက်တော့သည် ။ သူတို့ စီအိမ်တော်သို့ ရောက်သည့် အချိန်တွင် အိမ်ရှေ့တွင် စိုးရိမ်တကြီး အမှုအရာဖြင့် စောင့်နေသည့် စုယန်ချုးကို တွေ့လိုက်ရသည်။ သူ့မျက်နှာသည် ဖြူဖျော့‌မနေတော့သော်လည်း ကြည့်မိသူတိုင်း အားနည်းနေသေးကြောင်းတော့ ပြောနိုင်လေသည် ။ ဒီလိုအခြေအနေဖြင့်တောင် တစ်စုံ‌တစ်ယောက်အား စောင့်ကြိုကာစိုးရိမ်နေခြင်းက တစ်ယောက်၏ နှလုံးသားကို လှုပ်ရှားသွားစေနိုင်မည် ဖြစ်သည် ။
စုယန်ချုးသည် ရွမ်းရီကို မြင်လိုက်သည့်အခါ မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်သည့် ခံစားချက်တချို့ ဖြတ်ပြေးသွားသည့်တိုင် အားတင်းကာ ပြုံးပြီး ကြိုဆိုလိုက်လေသည် ။ ထိုအပြုံးထဲတွင် နားလည်‌ပေးနိုင်မှုများ နဲ့ ပြည့်နှက်နေကာ မှေးမှိန်နေသည့် ယုံကြည်မှုရေးရေးလေးကိုလည်း တွေ့နိုင်ပေသည် ။ စီရန်ယွီ သည် တစ်နေ့တွင် သူ့အား ခွင့်လွှတ်ပေးနိုင်ပြီး အရင်လို ပြန်ဖြစ်နိုင်မည်ဆိုသည့် ယုံကြည်ချက်ပင်..